အိုင်ဖုန်းရဲ့ အထင်ကရ အမှတ်အသားတခုဖြစ်တဲ့ Home Button ကတော့ မနေ့က iPhone 16e မိတ်ဆက်မှုနဲ့အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
Apple အနေနဲ့ Home Button ကို ၂၀၀၇ ခုနှစ်မှာ ပထမဆုံး အိုင်ဖုန်းနဲ့အတူ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး iPhone 8 အထိ တောက်လျှောက် ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် iPhone SE စီးရီးတွေနဲ့အတူ iPod မှာလည်း ပါလာခဲ့ပါသေးတယ်။
ဘဝမှာ ခွဲခွာရခြင်းတွေ နှုတ်ဆက်ရခြင်းတွေက ခက်ခဲပါတယ်။ ပြန်တွေ့ကြတာပေါ့ဆိုတဲ့ စကားတခွန်းက ပြောရတာလွယ်ကူပေမယ့် လက်တွေ့မှာတော့ အလွန်ဝေးကွာနေဆဲပါပဲ။
