Facebook က Live လွှင့်ခြင်းနဲ့ ပတ်သက်လို့ မူဝါဒအချို့ထုတ်ပြန်

ဖေဖော်ဝါရီ ၂၁

နာမည်ကျော် လူသုံးအများဆုံး လူမှုကွန်ရက်တခုဖြစ်တဲ့ Facebook က Live လွှင့်ခြင်းနဲ့ ပတ်သက်လို့ မူဝါဒအချို့ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထပ်မံထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ Facebook မှာ Live လွှင့်တင်ထားတဲ့ ဗီဒီယိုတွေကို ရက်ပေါင်း(၃ဝ)အကြာမှာ အော်တိုဖြုတ်ချတော့မယ်ဆိုတဲ့ ကြေညာချက် အပါအဝင် အခြား Facebook ဆိုင်ရာ ပေါ်လစီအချို့ပါဝင်လာတယ်လို့ သိရပါတယ်။

"ဒါက အခုမှမဟုတ်ပါဘူး။အရင်ကတည်းကက Facebook မှာ Live လွှင့်ရင် Live Sale တွေရောင်းပြီးရင် End နှိပ်လိုက်တဲ့ အခါမှာ သူက Live လွှင့်အပြီးမှာ Facebook က Option သုံးခုကိုရွေးခိုင်းပါတယ်။တခုက Live လွှင့်ပြီးရင် ဒီလွှင့်ထားတဲ့ဟာကို ချက်ချင်းဖျက်မလား၊ရက် ၃ဝ အပြီးမှာ Auto ဖျက်ခိုင်းမလား၊ဒါမှမဟုတ် Live လွှင့်ထားတာကို ဒီအတိုင်းပဲ တသက်လုံးမဖျက်ပဲထားမလားဆိုပြီး သုံးခုရွေးချယ်ခိုင်းပါတယ်။အဲဒီထဲမှာ ကိုယ်ကြိုက်တာကို ကိုယ်ထားလို့ရပါတယ်"လို့ ပြည်ပရောက် မြန်မာနိုင်ငံသား အိုင်တီ ပညာရှင် တယောက်က ပြောပြပါတယ်။

ဒါအပြင် ယခု ၂ဝ၂၅ ခုနှစ်မှာ Facebook က သူရဲ့ မူဝါဒပေါ်လစီ အချို့နဲ့ စည်းမျဉ်းစည်းကမ်းအချို့ကို ပြောင်းလဲသတ်မှတ်ခဲ့တာတွေလည်း ရှိတယ်လို့ ပြည်တွင်းက နည်းပညာလေ့လာသူ အိုင်တီပညာရှင်တွေက ပြောပါတယ်။

"တချို့တွေကလည်း ဒါနဲ့ ပတ်သက်ပြီး လျှောက်ရေးတင်နေကြတာပေါ့။တကယ်က ဘာမှမဟုတ်ပါဘူး။Facebook က ဒီလို Live တွေကနေ ပိုက်ဆံတွေရနေတာလေ၊ဒါကြီးကို သူမလုပ်လောက်ဘူးထင်ပါတယ်။တချို့တွေက ဒါက Facebook မှာ Like တို့ Comment တို့ Share တို့ သူတို့ဘာသာ သူတို့လိုချင်လို့ လျှောက်ရေးပြီးတင်နေကြတာပါ။တကယ်က Facebook ပေါ်လစီတွေချိန်းတယ်ဆိုပေမယ့် ဘာမှသိပ်ထူးထူး ခြားခြားပြောင်းလဲမှုမရှိပါဘူး"လို့ သူက ထပ်လောင်း ပြောပြပါတယ်။

ပြည်တွင်းက နည်းပညာကျွမ်းကျင်သူ အိုင်တီပညာရှင်တယောက် ကတော့ အခု ၂ဝ၂၅ ခုနှစ်မှာ Facebook က သူတို့ရဲ့ ပေါ်လစီ အချို့ကို ထုတ်ပြန်ခဲ့ပြီး Privacy ဆိုင်ရာ အချက်အချို့ကို ပြောင်းလဲလိုက်သလို Facebook ကနေ တရားမဝင် ကုန်ပစ္စည်းရောင်းချမှုတွေကိုပါ ထိန်းချုပ်ဖို့စည်းမျဉ်းအသစ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါအပြင် Facebook က ကျန်တဲ့ မူဝါဒပိုင်းဆိုင်ရာ စည်းမျဉ်း၊စည်းကမ်းအချို့ကိုပါ သတ်မှတ်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။Facebook လူမှုကွန်ရက်ဟာ ကမ္ဘာပေါ်မှာ လူအသုံးအများဆုံး လူမှုကွန်ရက်တခုဖြစ်လည်း ဖြစ်ပါတယ်။

ပုံစာ - Facebook က ထုတ်ပြန်ထားတဲ့ မူဝါဒဆိုင်ရာ ပေါ်လစီသတ်မှတ်ချက် အချို့။

#သတင်းဟင်းလေးအိုးကြီး

image