10 w - Translate

ကလေးဝနှင့် မော်လိုက်ကြားရှိ တံတား ၅ စင်း မီးရှို့ဖျက်ဆီးခံရ
ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်ကြားရှိ တံတား ၅ စင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ကလေးဝ- မော်လိုက်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၇/၆-၁၇/၇)ကြား တံတားအမှတ်(၅/၂၉) ပေ(၈၀) တံတား၊ မိုင်တိုင်အမှတ် (၁၉/၀-၁၉/၁) ကြားရှိ တံတားအမှတ် (၄/၃၁) RC အရှည်(၁၃၀)ပေရှိ ပလူဇဝတံတား နှင့် မိုင်တိုင်အမှတ် (၂၀/၃-၂၀/၄)ကြားရှိ တံတားအမှတ် (၅/၃၃) အရှည် (၇၀)ပေရှိ ချောင်းညီအစ်ကိုတံတား အပါအဝင် စိစစ်ဆဲ တံတား ၂ စင်း စုစုပေါင်း တံတား ၅ စင်းကိုအကြမ်းဖက် PDF အဖွဲ့ အင်အား (၂၀၀)ခန့်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားများကို ယမန်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖျက်ဆီးခဲ့အတွက် ကလေးဝနှင့် မော်လိုက်တို့အကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့ရသည်။

တံတားအထူးအဖွဲ့ -၂ က ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ ဆက်သွယ်သွားလာနိုင်ခဲ့သည်ဟု သိရသည်။

ယခုအခါ ဒုတိယအကြိမ် ထပ်မံ ဖျက်ဆီးခံရသဖြင့် ကလေးဝ- မော်လိုက် လမ်းတစ်လျှောက် ယာဥ်များ သွားလာနိုင်မှုမရှိတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့‌ကြောင်းသိရသည်။

အဆိုပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုအတွက် မော်လိုက်ခရိုင်အတွင်း ကုန်ပစ္စည်းများ ပြတ်တောက်လျက်ရှိပြီး ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်သဖြင့် ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

image