ခရမ်းချဉ်သီးယို
🍅🍅🍅🍅🍅🍅🍅🍅
ခရမ်းချဥ်သီး ၅၀ သားခန့်
ထန်းလျက် ၁ဇွန်း (ပုံထဲကဇွန်း😁 အချိုကြိုက်ရင်ထပ်ထည့်)
ဆား အနည်းငယ်
ထုံး (ဇီးသီးလုံးခန့်)
သံပုရာသီး တစိတ်
ခရမ်းချဥ်သီးများကိုအစေ့ထုတ်ပြီ ရေဆေးထားပါ
ပြီးရင် ထုံးရေနဲ့ ၁ နာရီခန့်စိမ်ပြီ ရေဆေး ရေညှစ်ထားပါ(ထုံးမရှိရင် ရေခဲရေနဲ့ နှစ်ခါလောက် ဆေးပါ
ထန်းလျက်ကိုညောင်စေးကျအောင်ကျိုပါ
ခရမ်းချဥ်သီးကို ထန်းလျက်ကျိုထားတဲ့ အိုးထဲထည့်ပါ သံရာသီးညှစ်ထည့်
အရည်များထွက်လာပါမယ်နော် ညောင်းစေးတဲ့အထိ မွှေပေးပါ
အေးလာရင် ယိုလေးစားလို့ရပါပြီနော်
crd

image