ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားတဲ့ ဟိုက်ဒရိုဂျင် ကား
============================
ဟိုက်ဒရိုဂျင် ကားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိဘဲ ရေကိုပဲ စွန့်ထုတ်ပါတယ်။ အဲဒီအတွက် ဟိုက်ဒရိုဂျင် ကားနည်းပညာဟာ လူသားတွေအတွက် များစွာ အကျိုးပြုလာမှာ ဖြစ်ပါတယ်။
အခုတော့ H2Rescue ထရပ်ကားဟာ ဟိုက်ဒရိုဂျင် တိုင်ကီ တစ်လုံးထဲနဲ့ ၁,၈၀၆ မိုင် (၂,၉၀၆ ကီလိုမီတာ)ကို မောင်းနှင်ပြီး ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။ တစ်နာရီကို ၅၀ ကနေ ၅၅ မိုင် ( ၈၀ ကနေ ၈၉ ကီလိုမီတာ) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
လောင်စာဆီ ကားတွေနဲ့ ယှဉ်ရင် ကာဘွန်ဒိုင်အောက်ဆိုက် 664 lbs (301 kg) လျှော့ချပေးနိုင်ပါတယ်။ နှစ်စဉ် လောင်စာဆီ ၁,၈၂၅ ဂါလန်ကို လျှော့ချပေးနိုင်ပါတယ်။ ထရပ်ကားမှာ 175 kg (386 lb) တိုင်ကီထဲမှာ 168 kg (370 lb) ဟိုက်ဒရိုဂျင်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် ထပ်ဖြည့်စရာ မလိုဘဲ ၇၂ နာရီကြာ မောင်းနှင်နိုင်ပါတယ်။
အဲဒီကားကို DOE ရဲ့ အကူအညီနဲ့ Accelera (Cummins) က တည်ဆောက်ထားတာ ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ အရေးပေါ် အခြေအနေတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
