ဆွမ်းခံကြွတဲ့ ဆရာလေးတွေ အထူးသတိထားရမယ့် အဖြစ် (အရမ်း စိုးရိမ်ဖို့ ကောင်းပါတယ်၊ မန္တလေးမှာ ဖြစ်သွားတာပါ)
ပြီးခဲ့တဲ့ အဖိတ်နေ့ မန္တလေးဖြစ်စဉ်၊ ဖြစ်ပုံက ဒီလို သီလရှင်ကလေး ၃ ပါးကို ဒကာတယောက်က ဆရာလေး ဆရာလေးဆိုပြီး လှမ်းခေါ်တယ်။ ပိုက်ဆံ လှူချင်လို့ပါဆိုပြီး အနားရောက်တာနဲ့ တို့ေ-ဆးတို့ကာ ပီနံအိတ်ထဲ ဝင်ခိုင်းတယ်။ ကလေး၃ ပါးလုံးက ေ-ဆးအတို့ခံရပြီဆိုတော့ ဘာမှမသိတော့ဘူး ခုန်ပြီးတောင် ဝင်လိုက်သေးတယ်ဆိုပဲ။
နောက်ဆုံးအကြီးလေးတပါး ဝင်မယ်လုပ်ရော၊ ကံကောင်းချင်တော့ ဟိုးအဝေးက ဒကာမတယောက်က သတိထားမိသွားတယ်။ ထူးဆန်းတယ်ပေါ့။ ဆရာလေးတွေ ပီနံအိတ်ထဲ ဝင်ခိုင်းတယ်ဆိုပြီး ကြံမိကြံရာ တွေးပြီး ဆရာလေးဆိုပြီး လှမ်းခေါ်တယ်။ တပည့်တော် ဆန်လောင်းမလို့ပါဆို ဘာလို့ မစောင့်တာလဲလို့ လှမ်းအော်မှ ဟိုတို့ေ-ဆးသမားတွေလည်း အိုးဝေအတင်းမောင်းပြေးကြတယ်။
ဒကာမကြီးလည်း ကေ-လးတွေအိမ်ခေါ် သံပရာရည်ကပ် သတိလည်အောင် လုပ်ပြီးမှတော့ တပါး ၅ ထောင်လှူမယ် ဒီနေ့တော့ ကျောင်းပြန်လိုက်တော့ဆိုပြီး လိုက်ပို့လိုက်တယ်တဲ့။ ဆရာလေးတွေ မပေါ့ဆဖို့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိလာပါတယ်။
ကလေးတွေချည်း သီးသန့်ဆို မလွှတ်သင့်ပါ၊ တန်းဆွမ်းကြွတာက လုံခြုံမှုရှိပါတယ်။ အကြီးတပါးပါး မပါဘဲ အလှူမခံခိုင်းသင့်ကြောင်းပါ။ ဆရာလေး ၃ ပါး ပါသွားကြည့်ပါက နောက်ဆက်တွဲပြဿနာ မတွေးရဲစရာ အားလုံးသတိထားနိုင်ကြစေဖို့ မျှဝေခြင်းဖြစ်၏။
