၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၈၁၇ ခုဖြင့် ကျင်းပမည်
********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၉
၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၈၁၇ ခုဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား တိုင်းဒေသကြီး/ပြည်နယ်များရှိ ခရိုင် ၁၀၄ ခရိုင်နှင့် မြိုနယ်ပေါင်း ၂၅၀ မှ ဝင်ရောက်ဖြေဆိုသူ ၂၂၀,၀၀၀ ကျော်ရှိပြီး၊ စာစစ်ဌာန ၈၁၇ ခုဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၂ ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတိုကို တစ်ရက်တစ်ဘာသာနှုန်းနဲ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ကြောင်း သိရပါတယ်။
ထိုပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို မတ်လ ၁ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းဖြေဆိုသွားမည့် ကျောင်းသား/ ကျောင်းသူများကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
