စာဖတ်ဖို့လူတိုင်းသိတယ်
လူတိုင်းတော့ဖတ်ကြတာမဟုတ်ဘူး
ကျနော့်အတွက်တော့ စာဖတ်တာက
သူများဦးနှောက်ကို အလည်သွားတဲ့ခရီးပဲ
စကားလုံးအထားအသို စာပိုဒ်ခွဲပုံ
ဥပမာပေးပုံ စဉ်းစားသွားတဲ့ ပုံစံ
ဒါတွေအားလုံးက
မှတ်သားစရာတွေကြီးပဲ
မြန်မာစာပြည်က
စာရေးဆရာတွေရဲ့စာတွေဖတ်တော့
မြန်မာအိမ်လေးသွားလည်ရသလိုပဲ
ရင်းနှီးတယ်နွေးထွေးတယ်
မတူတဲ့နိုင်ငံက စာရေးဆရာတွေရဲ့
စာအုပ်တွေဖတ်တော့ သူတို့ကြီးလာတဲ့
ပတ်ဝန်းကျင်နဲ့ အလေ့တွေကိုသိရတယ်
- အားကစားသမားရေးတဲ့စာ
- စီးပွားရေးသမားရေးတဲ့စာ
- လူပျင်းတစ်ယောက်ရေးတဲ့စာ
- စာသင်တဲ့ဆရာရေးတဲ့စာ
- Cooperate ကလူတွေရေးတဲ့စာ
- ရပ်ကွက်ထဲမှာနေသူရေးတဲ့စာ
- သူဌေးအိမ်မှာကြီးတဲ့သူရေးတဲ့စာ
အကြောင်းအရာတူရင်တောင်
ဖွဲ့စည်းပုံနဲ့ တန်ဖိုးထားမှု
သတိပြုမှုတွေကွာတယ်
သေချာတာကတော့ book summary မှာ
ဒီအရသာတွေမရနိုင်ဘူး
စာအုပ်အစစ်နဲ့စာဖတ်ပါ ဘယ်နှအုပ်
ဖတ်ပြီးတယ်ဆိုတာအရေးမကြီးဘူး
သူများဦးနှောက်ကိုအလည်သွားရင်း
ကိုယ်ဦးနှောက်ဘယ်လောက်ပြောင်းလဲ
လာသလဲပဲအရေးကြီးတယ်
