10 w - Translate

" Cracked " (2022)
ထင်မ် / ဝေါ်ရကွန် အဖြစ် Nichkorn
ရူဂျာ အဖြစ် Pat Chayanit
နာမည်ကြီး ထင်ရှားကျော်ကြားတဲ့ ပန်းချီအနုပညာရှင်တစ်ဦး မထင်မှတ်ထားဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားရာမှ စတင်လာခဲ့တဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်...
"ရူဂျာ"ဟာ ထိုပန်းချီအနုပညာရှင်ရဲ့ သမီးဖြစ်သူတစ်ဦးဖြစ်ပြီး နိုင်ငံရပ်ခြားကနေ ဖခင်သေဆုံးသတင်းကြောင့် ထိုင်းနိုင်ငံထဲကို သူမရဲ့သမီးလေးနဲ့ ပြန်လာခဲ့ပါတယ်။
ပြန်လာရတဲ့အကြောင်းအရင်းကတော့ သူမရဲ့သမီးဖြစ်သူ "ရေချယ်"လေးက မျက်လုံးအားနည်းပြီး ခွဲစိတ်ရမှာဖြစ်တာကြောင့် သူမရဲ့ ဖခင်ထားခဲ့တဲ့ နာမည်ကြီး ပန်ချီကားချပ်တွေကို ရောင်းချချင်တာ ဖြစ်ပါတယ်။
သို့ပင်မယ့် ပန်ချီကားချပ်တွေက ကြာပြီဖြစ်သလို ကွဲကြောင်းလေးတွေလည်းရှိတော့ မရောင်းခင် ပြန်လည်ပြုပြင်ဖို့အတွက် ဖခင်ဖြစ်သူရဲ့သူငယ်ချင်း... ဦးလေး 'ဝီချိုင်'ရဲ့ သားဖြစ်သူ " ထင်မ် " ကို ကူညီပေးဖို့ ခေါ်လိုက်ပါတော့တယ် ။
သို့သော် ထိုဆန်းကြယ်လှတဲ့ ပန်းချီကားချပ်တွေက သူမရဲ့ ဖခင်ဖြစ်သူ သေဆုံးရတဲ့ အကြောင်းအရင်း ဖြစ်နေသလို ‌။ မျက်ကွယ်ပြုထားခဲ့ကြတဲ့ တစ်ချိန်က ရက်စက်ယုတ်မာတဲ့ အမှန်တရား တစ်ခုလည်း ပန်ချီးကားချပ်ရဲ့ နောက်ကွယ်မှာ ရှိနေခဲ့ပါတယ် ။

image