10 w - Translate

#နိုင်ငံတကာသတင်း
◼ ယူကရိန်းအားချန်လှပ်ပြီး အမေရိကန်နှင့် ရုရှား ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်မည်
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားနှင့် ဆွေးနွေးပွဲများ ပိုမိုလုပ်ဆောင်ရန် သဘောတူလိုက်ကြောင်း ကိဗ်မပါဝင်ခဲ့သော ဆော်ဒီအာ‌ရေးဗီးယားအစည်းအဝေး အပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက ပြောကြားသည်။
ဆော်ဒီမြို့တော်၌ လေးနာရီခွဲကြာ အစည်းအဝေးကျင်းပနေချိန်မှာပင် ရုရှားက ၎င်းတို့၏ တောင်းဆိုမှုကို ပိုမိုမြှင့်တင်လိုက်ပြီး ယူကရိန်းအား နေတိုးအဖွဲ့ထဲသို့ ဝင် ခွင့်ပေးခြင်း မျိုးကို သည်းခံမည် မဟုတ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ၎င်းအနေနှင့် ယုံကြည်မှုပိုရလာခဲ့ကြောင်း နှင့် ယခုလအတွင်းမှာပင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံသွားနိုင်ကြောင်း ဒေါ်နယ်ထရန့်က အင်္ဂါနေ့ နှောင်းပို င်း တွင် ပြောကြားပါသည်။
“ရုရှားက တစ်ခုခုလုပ်ချင်နေပါတယ်” ဟု ထရန့်က ဖလော်ရီဒါပြည်နယ်တွင် ပြောကြားသည်။
ထို့ပြင်အစည်းအဝေးမှ ချန်လှပ်ထားခဲ့သည့်အပေါ် ယူကရိန်း၏ စိုးရိမ်မှုကိုလည်း ထရန့်က လျစ်လျူရှုခဲ့ကာ ကိဗ်အနေနျင့်ဆွေးနွေးမှုများ စောစီးစွာလုပ်ခဲ့သင့်ကြောင်း ပြစ် တင် ပြော ကြားသည်။
“ဒီစစ်ပွဲကိုအဆုံးသတ်ဖို့အင်အားကျွန်တော့်မှာရှိတယ်ထင်တယ်။”ဟုထရန့်ကဆိုသည်ရီယာဒ်မြို့ဆွေးနွေးပွဲမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် လူ အသေ အပျောက် အများဆုံးဖြစ်နေသည့် ပဋိပက္ခကို အဆုံးသတ်ရေး ဆွေးနွေးရန် အ‌မေရိကန် နှင့် ရုရှား အရာရှိကြီးများ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်သည်။
စစ်ပွဲ အပြီးတိုင်အဆုံးသတ်သွားရမည်ဖြစ်ကြောင်း နှင့်ယင်းအတွက် နယ်မြေ ဒေသ များ နှင့်ပတ်သက်သော ဆွေးနွေးညှိနှိုင်းမှုများ ပါဝင်မည်ဖြစ်ကြောင်း အမေရိ ကန် အမျိုး သား လုံခြုံရေးအကြံပေးမိုက်ဝေါ့ဇ်ကရီယာဒ်မြို့တွင်သ တင်းထောက်များအားပြောကြားသည်။
“ နယ်မြေနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေ နှင့် လုံခြုံရေးအာမခံချက်အကြောင်း ဆွေး နွေးမှု တွေရှိမယ်ဆိုတာက လက်တွေ့အရှိတရားပဲ ဖြစ်ပါတယ်။” ဟု မိုက်ဝေါ့ဇ်က ဆိုသည်။
ပဋိပက္ခအဆုံးသတ်‌ရေးအတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များက ဆွေး နွေးမှုများ စ တင်သွားမည်ဖြစ်ကြောင်း နှင့် ဆွေးနွေးပွဲများ ရှေ့ဆက်နိုင်ရေးလွယ်ကူသွားစေရန် နှစ် နိုင်ငံ ကြား သံတမန်အဆက်အသွယ်များ ပြန်လည် ထားရှိရန်လည်း သီးခြားလုပ်ဆော င်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားသည်။
လေးနက်သောလုပ်ငန်းစဉ်တစ်ရပ်တွင် စတင်ပါဝင်ရန် ရုရှားတို့ဘက် က စိတ်အား ထက် သန်နေသည်ဟု ကနဦးဆွေးနွေးမှုကနေ၍ မိမိအနေနှင့် ယုံကြည်ခဲ့ကြောင်း သို့ရာတွင် ငြိမ်းချမ်း‌ရေးရရှိနိုင်ရန် ဘက်ပေါင်းစုံက လိုက်လျောမှုများ လိုအပ်ကြောင်း ရူဘီယိုက ဆက်လက်ပြောသည်။
ဖြစ်လာနိုင်ဖွယ်ရှိသော ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ကို အထောက်အကူ ပေး ရန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ စေလွှတ်နိုင်ရေးကို ဥရောပနိုင်ငံများက တိုင် ပင် နေ ကြသော်လည်း မည်သည့် အလံတော်အောက်ကဖြစ်စေ နေတိုးတပ်ဖွဲ့များအား ယူ ကရိန်းတွင် ချထားခြင်းကို လက်သင့်ခံမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြား‌ရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ရီးယာဒ်မြို့တွင်ပြောကြားသည်။
ထို့နောက်နှစ်နိုင်ငံကြားမှ စီးပွားရေးအတားအဆီးများ ဖယ်ရှား‌ရေးအတွက်လည်း စိတ်ဝင် စားမှု မြင့်မားနေကြောင်းလည်း လက်ဗ်ရော့က ဆက်လက်ပြောသည်။
အင်္ဂါနေ့ ဆွေးနွေးမှုများသည် ပါတီနှစ်ရပ်လုံး၏ထောက်ခံမှုဖြင့် လွှတ် တော် အတည် ပြု ချက်နှင့်အတူ ကိဗ်အား ဒေါ်လာ ဘီလျံနှင့်ချီတန်ဖိုးရှိသော စစ်ရေးအကူအညီများ ပေး အပ်ခဲ့သော ဝါရှင်တန်တွင် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။
“နေတိုး နဲ့ ယူကရိန်းကို ဖယ်ထားရင်းနဲ့ပဲ နှစ်ဖက်ပုံမှန် သံတမန်အဆက် အ သွယ်လုပ်ဖို့ကို ကရင်မလင်က ရရှိသွားတယ်။ အဲဒီအတွက် သူတို့က ဘာမှ စွန့်လွှတ်ခဲ့ရတာမရှိဘူး။” ဟု မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်အမတ်ဖြစ်သူ ယူကရိန်းဆိုင်ရာလွှတ်တော်အဖွဲ့ တွဲ ဖက်ဥက္ကဌ ဂျိတ်အော်ချင်ကလော့စ် က ပြောကြားသည်။

image