10 ပတ် - ဘာသာပြန်ပါ။

🍛အသားတုရှမ်းပဲပုပ်မြေပဲကြော်
✏ အသားတု ၅ ကျပ်သားကိုလှီးပြီး
ဆားနဲ့အရသာမှုန့်လေးကိုရေဖျော်....
ရေတောက်ပြီးမှ....ကြော်
✏ မြေပဲလှော် ၅ ကျပ်သားကိုကွဲသွားအောင်ထုပြီးပြီးမှကြော်
✏ ရှမ်းပဲပုပ် ၅ ပြားကို ကတ်ကြေးလေးနဲ့အရှည်လိုက်လေးတွေညှပ်
ပြီးမှကြော်
✏ ဒယ်အိုးထဲဆီကျန်တာလေးနဲ့ငရုတ်သီးခွဲခြမ်း
ဟင်းစားဇွန်းတစ်ဇွန်းထည့်ကြော်ပြီး
✏ ကြက်သွန်ဖြူကြော် ၂ ကျပ်ခွဲသားလေးထည့်
✏ ကြော်ပြီးဆယ်ထားတဲ့ အသားတု ပဲပုပ် မြေပဲ
အကုန်ရောထည့်ပြီးတော့မွှေ.....
🍛အအေးခံထားပြီး လေလုံဘူးလေးထဲထည့်ထားပြီး
စားချင်တဲ့အချိန် အဆင်သင့်လေးပဲပေါ့နော်.....
😋ကြိုက်လို့...ကိုယ်လုပ်တတ်သလောက်လေးနဲ့
ကြော်ထားပါတယ်.....နော်

image