10 ပတ် - ဘာသာပြန်ပါ။

Marvel Rival ရဲ့ Supporting Team တစ်ခုလုံး အလုပ်ထုတ်ခံရ

NetEase ကနေထုတ်ထားတဲ့ Marvel Rivals Free to Play Game ရဲ့ Game Director ဖြစ်ခဲ့သူ Thaddeus Sasser က "ကျွန်တော်တို့ရဲ့ အရည်အချင်းရှိတဲ့ team တစ်ခုလုံးက NetEase အတွက် new franchise ဖြစ်တဲ့ Marvel Rivals ကို ထုတ်ပေးနိုင်ခဲ့ပေမယ့် နောက်ဆုံးပြန်ရတဲ့ ရလဒ်ကတော့ အထုတ်ခံရတာပါဘဲ" လို့ ပြောသွားပါတယ်။ သူပြောတဲ့ Team တစ်ခုလုံးဆိုတာဟာ Marvel Rivals ရဲ့ Developer Team တစ်ခုလုံးမဟုတ်ဘဲ supporting team ဖြစ်တဲ့ လူခြောက်ယောက်ကို ထုတ်လိုက်တာဖြစ်ပါတယ်။ အဲ့ထဲမှာမှ Professional Designer နှစ်ယောက်ပါ၀င်ပါတယ်။

လွန်ခဲ့တဲ့ December မှ စပြီး launch လုပ်ခဲ့တဲ့ free to play game ဖြစ်တဲ့ Marvel Rivals ဟာ စစထွက်ချင်း 72 hours အတွင်းမှာတင် Worldwide အရ 10 million players ရှိခဲ့ပါတယ်။ တစ်ပတ်လောက်လဲနေရော 20 million အထိ ထိုးတက်သွားခဲ့ပါတယ်။

Marvel Rivals ဟာ PC, PlayStation နဲ့ XBox Console တွေပေါ်က US ရဲ့ အကောင်းဆုံး free to play live service game ငါးခုထဲက တစ်ခုအနေနဲ့ပါ၀င်နေပါတယ်။ ဘာကြောင့် အခုလို supporting team တစ်ခုလုံးကို အလုပ်ထုတ်ဖြစ်တာလဲကိုတော့ NetEase ဘက်က မကြေငြာသေးပါဘူး။ ထွေထွေထူးထူးကြေငြာရအောင် သိပ်ပြီး အရေးမကြီးလို့ ဖြစ်ပါလိမ့်မယ်။

NetEase အနေနဲ့ Single Player Video Games တွေကိုလဲ အာရုံစိုက်နေတယ်လို့ တချို့က report လုပ်လာကြပါတယ်။

ဒီအပတ်ထဲမှာဘဲ Marvel Rivals ထဲကို fantastic four ရဲ့ The Human Torch နဲ့ The Thing တို့ ပါ၀င်လာမှာလဲ ဖြစ်ပါတယ်။

image