10 ပတ် - ဘာသာပြန်ပါ။

KNU နှင့် PDF အပါအဝင် လက်နက်ကိုင်များကို ဆက်နွှယ်ထောက်ပို့လုပ်နေသော ထိုင်းရောက် မြန်မာလုပ်သားအရေးလှုပ်ရှားသည့် AAC ကို ပိတ်သိမ်းရန် ထိုင်းအစိုးရ ညွှန်ကြား

ဖေဖော်ဝါရီ ၁၉

KNU/ KNLA နဲ့ PDF အပါအဝင် လက်နက်ကိုင်တွေကို ဆက်နွှယ်ထောက်ပို့လုပ်နေတဲ့ ကိုရဲမင်း ဦးဆောင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးလှုပ်ရှားတဲ့ AAC (Aid Alliance Committee) ကို မနေ့ကစ ပိတ်သိမ်းဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်။

“ကျနော်ရယ် ဦးခိုင်ရယ် ကိုကိုနိုင်ရယ် ဦးဆောင်ပြီး ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ လုပ်အား၊ ငွေအားတွေနဲ့ တည်ဆောက်ခဲ့ရတဲ့ ထိုင်းရောက်မြန်မာလုပ်သားဒုက္ခသည်များစွာရဲ့ ခိုလှုံရာ AAC ဂေဟာကြီး ဒီနေ့မှာ ထိုင်းအာဏာပိုင်အဖွဲ့စုံက ဝင်ရောက်စစ်ဆေးပိတ်သိမ်းခိုင်းတယ်ဆိုတော့ ကျနော့် ရင်ထဲမှာ ဘယ်လိုမှ ခံစားမနိုင်ဘူး ကျနော်တို့က ထိုင်းကို အားကိုးနေရတာမို့လား…..” လို့ AAC ဦးဆောင်သူ ကိုရဲမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားအရေးလုပ်ဆောင်တဲ့ အလုပ်သမားအဖွဲ့တွေအပါအဝင် ပရဟိတကူညီရေးအဖွဲ့ ဆယ်နဲ့ချီရှိနေပေမဲ့ ထိုင်းအစိုးရက စိစစ်ပိတ်သိမ်းခိုင်းရာမှာတော့ ကိုယ်တိုင်လည်း လက်နက်ကိုင်ထားသလို NUG,PDF နဲ့ KNU/KNLA ကို ဆက်နွှယ်နေတဲ့ AAC စင်တာတစ်ခုကိုပဲ တရားမဝင်တာ၊ ခွင့်ပြုချက်မရှိ ဆောက်ထားတာ၊ လူအများအပြားစုဝေးနေတာကြောင့် မနေ့က လာရောက်စစ်ဆေးအပြီးမှာ လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ ဆက်နွှယ် ပိတ်သိမ်းခိုင်းတဲ့အခြေအနေဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

ပုံစာ။ AAC ကို ထိုင်းအာဏာပိုင်များစစ်ဆေးမှု၊ AAC ဦးဆောင်သူ Ye Min အကောင့်တွင် တင်ထားသည့် လက်နက်ကိုင်ဆောင်လှုပ်ရှားမှုနှင့် ထောက်ပို့ပုံရိပ်အချို့ (Photo – Ye Min & Hla Khaing)

#centralnewsnaypyitaw

imageimage
+7