တောင်ကိုရီးယားမှာ DeepSeek အသုံးပြုမှုပိတ်ပင်လိုက်ပြီး အက်ပ်လီကေးရှင်းစတိုးတွေကနေ ဖယ်ရှား
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၉
တရုတ် အေအိုင် DeepSeek ဟာ TikTok ရဲ့မိခင်ကုမ္ပဏီ ဘိုက်ဒန့်စ်နဲ့အတူ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို မျှဝေနေကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက စွပ်စွဲလိုက်ပြီး နိုင်ငံမှာရှိတဲ့ အက်ပ်လီကေးရှင်းစတိုးတွေကနေ ဖယ်ရှားလိုက်ပါတယ်။
DeepSeek ဟာ ဘိုက်ဒန့်စ်နဲ့ ဆက်သွယ်လုပ်ဆောင်နေတယ်ဆိုတာ အတည်ပြုခဲ့တယ်လို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။ ကိုယ်ရေအချက်အလက်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် DeepSeek အသုံပြုမှုကို နိုင်ငံတွင်းမှာ ပိတ်ပင်ခဲ့တာပါ။
တောင်ကိုရီးယားမှာ စနေနေ့ညကထိ DeepSeek ဒေါင်းလုတ်ဆွဲသူ တသန်းကျော်ရှိနေပြီး လက်ရှိမှာတော့ ဒီအက်ပ်လီကေးရှင်းတွေကို အက်ပဲနဲ့ ဂူဂဲစတိုးတွေကနေ ဖယ်ရှားခဲ့တာပါ။ DeepSeek နဲ့ဘိုက်ဒန့်တို့အကြား ဘယ်လိုအချက်အလက်တွေလွှဲပြောင်းခဲ့လဲ ဆိုတာနဲ့ ဘယ်လောက်အတိုင်းအတာထိရှိလဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့ တောင်ကိုရီးယား အချက်အလက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။
တရုတ် အေအိုင် DeepSeek ဟာ ဇန်နဝါရီလမှာ စတင်ထွက်ပေါ်လာပြီးနောက် နည်းပညာလောကမှာ ဂယက်အကြီးအကျယ်ထခဲ့ပြီး အဓိကအားဖြင့် ChatGPT ထက် ကုန်ကျစရိတ်များစွာသက်သာတဲ့ပုံစံနဲ့လေ့ကျင့် နိုင်တာဖြစ်ကာ ChatGPT နည်းတူ စွမ်းဆောင်ရည်မြင့်မားပါတယ်။
DeepSeek ထွက်ပေါ်လာပြီးနောက် နိုင်ငံအများအပြားဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးဆိုင်ရာ အချက်အလက်တွေ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး သတိပေးခဲ့ကြပါတယ်။ DeepSeek နဲ့ ဘိုက်ဒန့်စ်ဟာ အလားအလာရှိတဲ့ အချက်အလက်မျှဝေမှုတွေရှိတယ်လို့ အမေရိကန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတခုကလည်း ဖေဖော်ဝါရီလအတွင်းက စွပ်စွဲခဲ့ပါတယ်။
တရုတ်အစိုးရ ဝေဖန်သူတွေကတော့ တရုတ်ရဲ့ အမျိုးသားထောက်လှမ်းရေး ဥပဒေဟာ တရုတ်ကုမ္ပဏီတွေထံကနေ လိုချင်တဲ့အချက်အလက်မှန်သမျှကို တရုတ်အစိုးရက ရယူခွင့်ရှိနေတယ်လို့ ဆိုကြပါတယ်။
Ref:BBC
Photo:Getty Images
#centralnewsnaypyitaw
