10 w - Translate

ငွေလဲနှုန်း ၅၄၂ ကျပ်နဲ့ တရုတ်ယွမ် ၉၇၅,၃၁၈ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ ထုတ်ရောင်းခဲ့ပါတယ်။ ဒါ့အပြင် ငွေလဲနှုန်း ၁၃၁.၅ ကျပ်နဲ့ ထိုင်းဘတ် ၁ သန်းကိုလည်း ရောင်းပေးခဲ့ပါတယ်။ ထိုနေ့တစ်ရက်တည်းမှာ AD လိုင်စင်ရဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေအကြား အမေရိကန်ဒေါ်လာ ၂၆.၆၁၀ သန်း၊ တရုတ်ယွမ် ၁၁.၄၄၀ သန်းနဲ့ ထိုင်းဘတ် ၁၂၁.၃၀၄ သန်း အလွှဲအပြောင်းရှိခဲ့ပါတယ်။