10 w - Translate

ကျောင်းသူ/သားတွေအတွက် အကောင်းဆုံး Digital Notepad App ၅ ခု
----------------------------------
ဒီခေတ်မှာ ကျောင်းသားတွေအတွက် Digital Notepad တွေဟာ မရှိမဖြစ် အရေးပါလာပါတယ်။ Digital ခေတ်ဖြစ်တာနဲ့အညီ တစ်ချို့ကျောင်းတွေမှာ စာအုပ်တွေအစား Digital Learning နဲ့ သင်ထောက်ကူတွေကိုလည်း Digital တွေနဲ့အစားထိုးလာပါပြီ။ ဒါ့ကြောင့် မှတ်စုတွေ၊ အိမ်စာတွေကို Digitally သုံးစွဲဖို့ဆိုရင်အောက်က App ၅ ခုက အထူးသင့်တော်ပါတယ်။
၁။ Microsoft OneNote
OneNote ကကျောင်းသားတွေအတွက် အထူးသင့်တော်တဲ့ App တစ်ခုပါ။ ဘာသာရပ်အလိုက် Notebook တွေ ခွဲခြားထားနိုင်ပြီး၊ သင်ခန်းစာအလိုက် အပိုင်းလိုက် မှတ်စုတွေ ရေးနိုင်ပါတယ်။ Apple Pencil သို့မဟုတ် Stylus နဲ့ လက်ရေးဖြင့် မှတ်သားနိုင်သလို၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုပါ ထည့်သွင်းနိုင်ပါတယ်။ Microsoft Office နဲ့ ချိတ်ဆက်ထားတဲ့အတွက် PowerPoint Slide တွေကနေ တိုက်ရိုက် Note ကူးယူနိုင်ပါတယ်။
၂။ GoodNotes 6
iPad အသုံးပြုတဲ့ ကျောင်းသားတွေအတွက် GoodNotes က အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
လက်ရေးကို Digital စာသားအဖြစ် အလိုအလျောက် ပြောင်းပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ စာမျက်နှာပုံစံ အမျိုးမျိုး (ruled, grid, dotted) ကို ရွေးချယ်နိုင်ပြီး၊ PDF ဖိုင်တွေပေါ်မှာလည်း တိုက်ရိုက် မှတ်ချက်ရေးနိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို မြန်မာငွေ ၅ သောင်းလောက်နဲ့ Premium သုံးလို့ရတာလည်း ဈေးမကြီးဘူးလို့ဆိုနိုင်ပါတယ်။ နောက်ပိုင်း AI Features အသစ်တွေကြောင့် စာသင်ခန်းထဲမှာ သုံးရတာ အတော်လေးအဆင်ပြေပါတယ်။
၃။ Notability
Notability ဟာ Audio Recording နဲ့ Note Taking ကို တွဲဖက်အသုံးပြုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။
စာသင်ချိန်မှာ ဆရာ၊ဆရာမတွေ ပြောတာကို အသံဖမ်းယူရင်း တစ်ပြိုင်နက်တည်း Note ရေးနိုင်ပါတယ်။ နောက်ပိုင်း ပြန်ဖွင့်ကြည့်တဲ့အခါ Note ရေးခဲ့တဲ့ အချိန်နဲ့ Audio Recording တွေက Sync ဖြစ်နေမှာပါ။ Math conversion tool ပါဝင်တာကြောင့် သင်္ချာညီမျှခြင်းတွေကိုလည်း လွယ်ကူစွာ ရေးသားနိုင်ပါတယ်။ Goodnotes နဲ့ စဥ်ပြိုင်တွေဖြစ်ပေမယ့် သူ့ Fan နဲ့သူမို့ အပေါ်က GoodNotes 6 နဲ့ Notability ကို ကြိုက်ရာရွေးသုံးနိုင်ပါတယ်။
၄။ Nebo
Nebo ဟာ လက်ရေးကနေ Digital စာသားအဖြစ် အလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်မှာ အားသာဆုံး App တစ်ခုဖြစ်ပါတယ်။ သင်္ချာညီမျှခြင်းတွေ၊ ဂရပ်တွေ၊ ဇယားတွေကို လက်ရေးနဲ့ ရေးဆွဲရုံနဲ့ သပ်သပ်ရပ်ရပ် Digital ပုံစံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ Multiple language support ရှိတဲ့အတွက် ဘာသာစကားပေါင်းစုံနဲ့ မှတ်စုရေးနိုင်ပါတယ်။ Cross-platform ဖြစ်တဲ့အတွက် Device အမျိုးမျိုးကနေ အသုံးပြုနိုင်ပါတယ်။
၅။ Notes+
Notes+ ကတော့ အပေါ်က App တွေလိုမဟုတ်ပဲ လုံးဝ "အခမဲ့" သုံးနိုင်တဲ့ App တစ်ခုပါ။ အခမဲ့ဖြစ်တဲ့အတွက် Cross Platform လိုမျိုး သုံးလို့ရတာ၊ ကိုယ်ပိုင် Server နဲ့ Syn ထားတာမျိုးတော့ မပါပါဘူး။ ဒါပေမယ့် iPad သုံးသူဆိုရင်တော့ iCloud နဲ့ချိတ်ပြီး ပုံမှန်လိုပဲ သုံးလို့ရပါတယ်။​ ဖုန်းနဲ့ Tablet နှစ်မျိုးစလုံးမှာ အဆင်ပြေပြေ သုံးနိုင်အောင် Design လုပ်ထားပါတယ်။ ရိုးရှင်းတဲ့ Interface ကြောင့် စာမှတ်ဖို့ အချိန်ကုန်သက်သာပြီး၊ စာမှတ်ရတာ ပိုမိုထိရောက်စေပါတယ်။ နောက်ပိုင်းမှာ ChatGPT အကောင့်နဲ့ ချိတ်ပြီး Note ထဲမှာ ChatGPT သုံးလို့ရအောင်ပါ လုပ်ထားပေးပါသေးတယ်။
နောက်ဆုံးအနေနဲ့ အကြံပြုချင်တာကတော့
ကျောင်းသားတွေအနေနဲ့ Digital Notepad App တစ်ခုကို ရွေးချယ်တဲ့အခါ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
- မိမိအသုံးပြုတဲ့ Device နဲ့သင့်တော်မှုရှိမရှိ၊
- Stylus Pen တွေနဲ့သုံးရတာအဆင်ပြေမပြေ၊
- Backup system ကောင်းမွန်မှု
- တစ်လစာ(ဒါမှမဟုတ်)တစ်နှစ်စာ subscription ကုန်ကျစရိတ် တွေပါ။

image