မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့လူငယ်တောင်ပံတိုက်စစ်ကစားသမား အာမတ်ဒ်ဒီဂျန်လ်လိုကို လေ့ကျင့်နေစဉ်အတွင်းဒဏ်ရာရရှိခဲ့တာကြောင့်လာမဲ့အပတ်မှာဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်စေဖို့ပို့ဆောင်ရန်ပြင်ဆင်နေပါတယ်။အခြေအနေအရပြင်းထန်မှုရှိပြီး ဒီရာသီကုန်အထိအနားယူရဖို့သေချာသလောက်ရှိနေပြီလည်းဖြစ်ပါတယ်။

မနေ့တုန်းကသတင်းအနေအထားအရတော့ ဒီဂျန်လိုရဲ့ဒဏ်ရာဟာ ခြေချင်းဝတ်မှာဒဏ်ရာရရှိခဲ့ပြီး ကလပ်အသင်းဆေးအဖွဲ့အနေနဲ့ သူ့ကိုလာမဲ့ရာသီကာလမှာကြံ့ခိုင်မှုပြီးပြည့်စုံလာဖို့အတွက်အမြန်ဆုံးခွဲစိတ်ကုသမှုခံယူစေဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီဂျန်လိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးအမြန်ဆုံးတရားဝင်ထုတ်ပြန်ကြေငြာလာဖို့ပြင်ဆင်နေပြီး ကလပ်အသင်းအနေနဲ့လည်း ကစားသမားရဲ့ပြန်လည်ထူထောင်ရေးကိုလာမဲ့နှစ်သစ်မတိုင်ခင်အကောင်းဆုံးမာကျောမှုရှိလာစေဖို့အာရုံစိုက်နေတာဖြစ်ပါတယ်။

အသင်းရဲ့လူငယ်ကစားသမား ဒီဂျန်လ်လိုအနေနဲ့ ဒီရာသီရဲ့လက်ကျန်ကာလတလျှောက်လုံးအသင်းအတွက်ပါဝင်ကစားပေးရတာမြင်ရမှာမဟုတ်တဲ့သရဲနီအသင်းပရိသတ်တွေအတွက်တော့သတင်းဆိုးဖြစ်တယ်လို့ယူဆရပါတယ်။
 
#ဘောလုံးသတင်းစုံ

image