10 ပတ် - ဘာသာပြန်ပါ။

#မင်းသားကြီးဗီဂျေးစည်သူပတီရဲ့ငယ်ရွယ်စဥ်ကဇာတ်ကားကောင်းလေး

ခုတလော နာမည်ကြီး လူကြိုက်များနေတဲ့ 𝕄𝕒𝕙𝕒𝕣𝕒𝕛𝕒 ရဲ့ မင်းသားကြီး ဗီဂျေးစည်သူပတိတစ်ယောက် ငယ်ရွယ်နုပျိုစဉ်တုန်းက ရိုက်ကူးထားတဲ့ သ-ည်း-ထိ-တ်-ရင်-ဖိုကားလေးကို ဗီဂျေးပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါပြီဗျာ။

နောက်ပိုင်းရုပ်ရှင်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှယ်-ဖြုတ်ပြတဲ့ ဘဲကြီးပုံစံတွေ သရုပ်ဆောင်ထားပေမဲ့ ဒီကားလေးမှာတော့ ချစ်သူနဲ့ တူတူ ပျော်ရွှင်ကြည်နူးပြီး ပီဇာပိုနေတဲ့ လူငယ်လေးအဖြစ် လန်းဆန်းတက်ကြွစွာ သရုပ်ဆောင်ထားတာပါ။

မင်းသားက ဗီဂျေးဆိုတာနဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေက ခန့်မှန်းမရပဲ အဆုံးထိ မြုပ်ကွက်ချုပ်ကွက်တွေနဲ့ သယ်ဆောင်သွားပြီး အဆုံးကျမှ ဟာခနဲ ဟင်ခနဲ ဖြစ်မယ့် သ-ည်း-ထိ-တ်-ရင်-ဖို-ကားလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ ပီဇာဆိုင်က ဒယ်လီဝန်ထမ်းလေး ဖြစ်ပြီး ချစ်သူ အာနူနဲ့ အတူတူနေထိုင်လျက်ရှိပါတယ်။

ကောင်မလေးက သ-ရဲ-တ-စ္ဆေ-အကြောင်းတွေ အလွန်စိတ်ဝင်စားပြီး ဝတ္ထုရေးဖို ကြိုးစားနေသူဆိုပေမဲ့ မိုက်ကယ်ကတော့ ပြောင်းပြန် ဒီ-သ-ရဲ-ကိစ္စတွေကို အယုံအကြည်မရှိပေမဲ့ ကြောက်-လန့်-တတ်သူတစ်ယောက်ပါ။

တစ်ရက်ကျ ကောင်မလေးဖြစ်သူက ကိုယ်ဝန်ရှိလာပြီး မင်္ဂလာပွဲလေးကိုလည်း အကျဉ်းရုံးလုပ်ပြီးတဲ့နောက်
မိုက်ကယ်ကို လူတိုင်းမှာ ဒီလို သ-ဘာ-ဝ-ဖြစ်ရပ်တွေနဲ့ ကြုံဆုံလာရမယ့် အခိုက်အတန့်ဆိုတာ ရှိတယ်

အဲဒါကြောင့် နင်လည်း ဒီနေ့ကစပြီး ဒီလို အခိုက်အတန့်တွေ ကြုံရတော့မှာပါဆိုပြီး ပြောပြီးတဲ့နောက်မှာတော့…

မိုက်ကယ်တစ်ယောက် ပီဇာပိုရင်း ထူးခြားဆန်းကြယ် ပရ-လော-က အတွေ့အကြုံ ဖြစ်ရပ်တွေနဲ့ မျက်ဝါးထင်ထင် ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ….။

ထုံးစံအတိုင်း ဇာတ်လမ်းရဲ့သဘောသဘာဝအရ လူတွေကို အံ့သြမှင်သက်သွားအောင် လုပ်မယ့် အကွက်တွေ ပါဝင်နေတဲ့အတွက် ဒီလောက်လေးပဲ ပြောပြလိုက်ပြီး
ကျန်တာကိုတော့ ဖန်သားပြင်ထက် ခံစားကြစေဖို ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။

(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

#storymode

image