10 ပတ် - ဘာသာပြန်ပါ။

❝အမြစ်လိုတွယ်နေဆဲ အနာတရတွေ❞

သေချာတာကတော့ သူတို့နှစ်ယောက်လုံး ဒဏ်ရာတွေကိုယ်စီရှိကြတယ်၊ သူတို့နှစ်ယောက်ပဲသိတဲ့ အဲ့ဒီဒဏ်ရာတွေကို အချင်းချင်းဖေးမရင်း သံယောဇဥ်တွေ တည်ဆောက်မိကြတာ၊ သူတို့နှစ်ယောက်တွေ့ဆုံမှုဟာ သိပ်ကြီးထူးခြားမနေခဲ့ပါဘူး၊၊

၁၀နှစ်အရွယ်ကလေးမလေး ဆာရာဆာ
၁၉နှစ်အရွယ်ကျောင်းသား ဖုမိ
အဲ့ဒီနေ့က ပန်းခြံထဲမှာ စာထိုင်ဖတ်နေတုန်း မိုးတွေရွာလာတော့ ကလေးမလေးကို အိမ်ပြန်ဖို့ပြောတယ်၊ မိဘတွေကလည်း အတူမရှိတဲ့အပြင် ငရဲခန်းနဲ့တူတဲ့ သူ့ရဲ့အိမ်ကို ကောင်မလေးက မပြန်ချင်ဘူး၊ ဖုမိက သူ့အိမ်ကိုခေါ်သွားတယ်၊ မုန့်တွေစားလိုက် ဆော့လိုက် အိပ်လိုက်နဲ့ လွတ်လပ်ပျော်ပါးနေတာ ၂လလောက်ကြာတော့ ရဲတွေက ရှာတွေ့သွားတယ်၊ ကောင်မလေးကိုအိမ်ပြန်ခေါ်သွားတယ်၊ ဖုမိကတော့ အဖမ်းခံခဲ့ရတယ်၊ ကလေးတွေအပေါ်လိင်စိတ်ရှိနေတဲ့သူအဖြစ် အင်တာနက်မှာ ဟိုးဟိုးကျော်သွားတယ်၊၊

၁၅နှစ်လောက်ကြာတဲ့အထိ အဲ့ဒီဇာတ်လမ်းနဲ့ အဲ့ဒီလူနှစ်ယောက်အကြောင်းက လူပြောများနေတုန်း၊ကောင်မလေးကတော့ ရဲတွေနဲ့ လူကြီးတွေရှေ့မှာ အမှန်ကိုမပြောနိုင်ခဲ့လို့ ဖုမိဘဝကို ဖျက်ဆီးမိခဲ့တယ်ဆိုတဲ့ စိတ်နဲ့ ၁၅နှစ်ကို ဖြတ်သန်းခဲ့တယ်၊ အမေနဲ့မိသားစုဆီကပါ ယုံကြည်မှုမရခဲ့တဲ့ ဖုမိကလည်း ကောင်မလေးရဲ့ မလုံခြုံတဲ့ဘဝနဲ့ စိတ်ဒဏ်ရာတွေကို သိထားလို့ ကောင်မလေးအတွက် ပူပန်နေခဲ့တယ်၊၁၅နှစ်ကြာပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ မထင်မှတ်တဲ့ တစ်နေရာမှာ ပြန်ဆုံကြတယ်၊ ဖုမိက မသိချင်ယောင်ဆောင်ခဲ့တယ်၊ ဒါပေမဲ့ ၂၅နှစ်အရွယ် ဆရာဆာရဲ့ နာကျင်မှုတွေကို အရင်တခါလိုပဲ ထွေးပွေ့ပေးမိပြန်တယ်၊ အရင်တခါကအတိုင်းပဲ ကံကြမ္မာက သူတို့နှစ်ယောက်ဆီကို တပတ်ပြန်လှည့်လာတယ်၊ ဒီတခါတော့ သူတို့နှစ်ယောက်တည်း မဟုတ်တော့ဘူး၊ ဆာရာဆာနဲ့ တွဲနေတဲ့ ရိုရယ် ဖုမိနဲ့တွဲနေတဲ့ အယုမိတို့ပါ ပါလာတယ်၊ အဲ့ဒီရှုပ်ထွေးမှုတွေတင်မကဘဲ ဖုမိမှာ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုရှိနေပါသေးတယ်၊ ဘယ်သူ့ကိုမှ မပြောရဲ မပြရဲ ဘယ်သူမှလည်းမသိခဲ့တဲ့ အဲ့ဒီလျှို့ဝှက်ချက်ကို ဆာရာဆာကိုတော့ ပြောပြခဲ့တယ်၊ အဲ့ဒီလိုလူမသိသူမသိ စိတ်ဒဏ်ရာတွေကို တစ်ယောက်နဲ့တစ်ယောက် စာနာနားလည်ပေးရင်း တစ်ယောက်လက်တစ်ယောက်တွဲပြီး လောကကြီးကို လူတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

image