မိန်းမတစ်ယောက်ဟာ
သူသိသွားတဲ့ အရာတစ်ခုအပေါ်မှာ
ရန်လဲမရှာဘူး ၊ ကောင်းသည် ၊ ဆိုးသည် ၊
မှားသည် ၊မှန်သည် ဘာမှ မပြောတော့ဘူး ဆိုရင်
ဒီလူအတွက် ဒီအရာတွေအပေါ်မှာ သူစိတ်လျော့ထားလိုက်လို့ပါ ဒါမှမဟုတ် အဲ့ဒီအရာတွေကိုပြောရင်း အဲ့ဒီလူနဲ့ဝေးရမှာ ကြောက်လို့ပါ ။
သိထားတဲ့အရာတစ်ခုအပေါ်မှာ
မြိုသိပ်နိုင်စွမ်းမရှိဆုံးက အမျိုးသမီးတွေပါပဲ ….
ဒါကို သူလက်ခံတယ် ။ တစ်ဖက်ကိုအပြစ်မမြင်တော့ဘူးဆိုတာဟာ သူ့နာကျင်မှုကို သူပဲ လက်ခံထားလိုက်လို့ပါ ။
သူသဘောထားကြီးပစ်လိုက်လို့ပါ ။
ကြားဖူးတဲ့စကားလေးတစ်ခွန်းရှိတယ် ။
“ လူတွေဟာ
အဖြစ်အပျက်တွေကို မေ့သွားလို့ မဟုတ်ပဲ
ခွင့်လွှတ်နိုင်လို့ အတူတူရှိနေကြတာပါ “ တဲ့ ….
#စာရယ်ကဗျာရယ်
#မယ်ညို