20 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️မြန်မာလုပ်သား ၁၁၀၀ ကျော် ခေါ်ယူရန် ဂျပန်ကုမ္ပဏီ ၃၀၀ ကျော် အလုပ်ကမ်းလှမ်းစာပေးပို့ထား
ဂျပန် ကုမ္ပဏီ ၃၀၀ ကျော်မှ မြန်မာလုပ်သား ၁၁၀၀ ကျော် ခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာပေးပို့ထားကြောင်း ဖေဖော်ဝါရီ ၁၅ ရက် ကဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ဂျပန်ကုမ္ပဏီ ၃၂၅ ခုက မြန်မာအလုပ်သမား အမျိုးသား ၂၇၃ ဦး၊ အမျိုးသမီး ၈၇၃ ဦး စုစုပေါင်း ၁၁၄၆ ဦး ခေါ်ယူသွားမည်ဖြစ်ပြီး တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ် သမားဝန်ကြီးဌာနမှ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ မရှိ၊ စာရွက်စာတမ်းအထောက်အထား များအား စိစစ်ပြီး တွေ့ရှိရသည့် စိစစ်တွေ့ရှိချက်၊ သဘောထားမှတ်ချက်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့နေကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၄၅ဝ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၁၀ ကျော်၊ အမျိုးသမီး ၁၁၀၀ ကျော် စုစုပေါင်း အလုပ်သမား ၁၅၀၀ ကျော်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ပေးပို့ခဲ့ကြောင်း သိရသည်။

image