#ယနေ့ထုတ်သတင်းစာ_သတင်း
◾️ချင်းချောင်းနန်းတော်ကို အမျိုးသားအနုပညာပြတိုက်အဖြစ်ဖွင့် လှစ်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေ
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိချင်းချောင်းနန်းတော်ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးပါက ချင်းချောင်းနန်းတော်အတွင်း ဘွဲ့လွန် မြန်မာပြက္ခဒိန်ပညာ ဒီပလိုမာသင်တန်းနှင့် နက္ခတ်တာရာကြည့်ပြခန်း၊ ပြက္ခဒိန်ပညာဆိုင်ရာ စာကြည့်တိုက်တို့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့်အမျိုးသားဇာတ်ရုံတို့ အသီးသီး တည်ထောင်ပြီး ဖြစ်သော်လည်း အမျိုးသားအနုပညာပြတိုက် တည်ထောင်ရန်ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း သိရသည်။
