10 w - Translate

🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟

(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
ဒီရက်ဖွားများအနေနဲ့ယခုလတ်တလောတွင်စိတ်အတက်အကျမြန်နေတတ်ပြီးမိမိကိုယ်ကိုအတွက်မျှတမှု မှန်ကန်မှု များကိုအလေးပေးနေပါလိမ့်မယ်။ စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိသော်လည်းဝင်ငွေထွက်ငွေညီနေသောကြောင့်သုံးစွဲမှုကိုချင့်ချိန်ရပါလိမ့်မယ်။လုပ်ငန်းရှင်များအနေနဲ့အခြားသောလူမှုရေးဆိုင်ရာအရှုပ်အရှင်းများကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကံကောင်းမွန်ပြီးအုပ်စုဖွဲ့လုပ်ဆောင်ခြင်း  မိတ်ဆွေသူငယ်ချင်းများထံမှကောင်းကျိုးရရှိခြင်းစသောကောင်းမွန်မှုများနှင့်ကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့အာရုံကြောနှင့်ပါတ်သက်သောရောဂါများသတိပြုရပါမယ်။ အချစ်ရေးနှင့်ပါတ်သက်၍စိတ်အလိုမကျဖြစ်နေတတ်ပြီးသူ့ဘက်ကိုယ့်ဘက်အပြိုင်အဆိုင်တင်းမာမှုများဖြစ်နေတတ်သောကြောင့်မိမိ၏စိတ်ခံစားချက်နှင့်ဦးဏှောက်ကိုမျှတစွာတွေးခေါ်ရန်လိုအပ်လိမ့်မယ်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
စီးပွားရေး နှင့်‌​ငွေကြေး ကံ အသင့်အတင့်ရှိပြီးမထင်မှတ်ထားသောအခါများတွင်ဝင်ငွေရရှိတတ်သောလမ်းတခါတရံမဖြစ်ထွန်းသောအခါများလည်းရှိတတ်သည်။ပညာရေးအနေဖြင့်မေ့တတ်သောကြောင့်စိတ်အာရုံပိုမိုစူးစိုက်ရန်လိုအပ်ပါလိမ့်မည်။ကျန်းမာရေး အနေဖြင့် အရိုးအဆစ်နှင့်သွားခံတွင်းဆိုင်ရာရောဂါများဖြစ်တတ်ပါသည်။အချစ်ရေးအနေဖြင့်ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာများကြောင့်ငြင်းခုန်ရတတ်ပါသည်။

(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
   ဒီရက်ပိုင်းအနေနဲ့ လေ့လာသင်ယူမှုပြုစရာပညာဗဟုသုတအသစ်များ အသိအမြင်အသစ်များရရှိလာပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံအဆင်ပြေကောင်းမွန်ပြီး ပုံမှန်ဝင်ငွေများရရှိပါလိမ့်မယ်။ငွေအဝင်အထွက်မျှနေတတ်သောကြောင့်မိမိ၏ငွေကြေးစီမံမှုချင့်ချိန်တတ်ဖို့လိုပါမယ်။ပညာရေးကံအထူးကောင်းမွန်သောကာလဖြစ်ပြီးပညာအသစ်များဆည်းပူးလေ့လာရန်သင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းဆိုင်ရာရောဂါများသတိပြုရန်လိုပါမယ်။အချစ်ရေးမှာတော့မိမိ၏ခေါင်းမာမှုကြောင့်စကားများရတတ်ပါတယ်။စိတ်အတက်အကျများနေတတ်သောကြောငိ့မိမိစိတ်ကိုထိန်းချုပ်နိုင်ရန်လိုအပ်ပါလိမ့်မယ်။
 
(၄)ဂဏန်းသမားများ  (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံအတက်အကျများပြီးငွေအဝင်အထွက်များတတ်သောကြောင့်သတိပြုရပါမည်။ပညာရေးကံကောင်းမွန်ပြီးအခွင့်အရေးကောင်းများရရှိနိုင်ပါမည်။သင်ယူလေ့လာမှုအသစ်များပြုလုပ်ပါကအဆင်ပြေချောမွေ့ပါလိမ့်မည်။ကျန်းမာရေး အနေဖြင့်ခါးအောက်ပိုင်းဆိုင်ရာရောဂါများသတိပြုရပါမည်။အချစ်ရေးတွင်ယုံကြည်မှုရှိရှိနဲ့စကားပြောဆိုဆက်ဆံပါကအဆင်ပြေပါလိမ့်မည်။


(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
လတ်တလောတွင်စိတ်ပိုင်းဆိုင်ရာပင်ပန်းရခြင်း မိမိစိတ်ကိုထိန်းချုပ်ရခက်ခြင်း များကြုံတွေ့ရနိုင်ပါတယ်။စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပြီးမိမိလုပ်ငန်းနှင့်ဆိုင်သော  သို့  ငွေကြေးနှင့်ပါတ်သက်ပြီး စကားပြောရတတ်ပါတယ်။မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီးတွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သောအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာငယ်များနှင့်ပါတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။

#tarotqueen