20 w - Translate

AI လူတူစက်ရုပ်ထုတ်ဖို့ အပြိုင်အဆိုင် သတင်းထွက်လာတဲ့ Apple နဲ့ Meta
Meta ကနေ AI နည်းပညာသုံး လူတူစက်ရုပ်တွေထုတ်ဖို့ ဘတ်ဂျက်များများသုံးသွားမယ်လို့ သတင်းထွက်နေသလို တစ်ဖက်မှာလည်း Apple ကလည်း လူသားတွေကို အကူအညီပေးနိုင်တဲ့ ဈေးနှုန်းအသက်သာဆုံးနဲ့ ဝယ်ယူနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။
Meta အနေနဲ့ စက်ရုပ်ထုတ်ဖို့ သတင်းတွေထွက်ခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာတော့ စက်ရုပ်ကုမ္ပဏီတွေကိုသာ AI နည်းပညာတွေ ရောင်းချသွားမယ်ဆိုပြီး ရည်ရွယ်ခဲ့တာပါ။ အဲ့အတွက်လည်း Figuer AI တို့လို စက်ရုပ်ကုမ္ပဏီတွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဘယ်အကြောင်းကြောင်းနဲ့ Meta နာမည်နဲ့ စက်ရုပ်တွေ ထုတ်ဖို့ ရည်ရွယ်လာသလဲမပြောတတ်ပါဘူး။
နောက်တစ်ခု လူတူစက်ရုပ်တွေ ထုတ်လာဖို့ သတင်းထွက်နေတဲ့ ကုမ္ပဏီတွေထဲ Apple ပါလာတာပါ။ Apple ဟာ လူတူစက်ရုပ်တွေ ထုတ်လုပ်သွားဖို့ ထိပ်တန်းအင်ဂျင်နီယာတွေကို ငှားရမ်းနေတယ်ဆိုပြီး သတင်းထွက်လာတာပါ။ ဒါပေမဲ့လို့ အတိအကျတော့ မဟုတ်သေးပါဘူး။ ခန့်မှန်းထားတာပဲ ရှိသေးတယ်။ ပြီးတော့ ထုတ်မယ်ဆိုရင်တောင် 2028 လောက်မှ တွေ့နိုင်မှာပါ။ နောက်ပြီး Apple ရဲ့ လူတူစက်ရုပ်တွေဟာ ဈေးနှုန်းသက်သာဦးမယ်လို့လည်း ဆိုပါတယ်။
နယ်ပယ်တစ်ခုချင်းစီမှာ အပြိုင်အဆိုင်တွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုများပြားလာနေတာပါပဲ။ ကျွန်တော်တို့ကတော့ စောင့်ကြည့်မယ်။ ဝေဖန်မယ်။ အသုံးပြုမယ်။ ဒါပဲပေါ့ဗျာ...

image