10 ပတ် - ဘာသာပြန်ပါ။

နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းမြို့၌ နေရပ်စွန့်ခွာနေထိုင်ကြသူများအတွက် ထောက်ပံ့ရေးအစီအစဥ◌်များကို မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေပေးမည်

ဖေဖော်ဝါရီ ၁၇

နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းမြို့၌ နေရပ်စွန့်ခွာနေထိုင်ကြသူများအတွက် ထောက်ပံ့ရေးအစီအစဥ်များကို မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း IBEC ကျောင်းတိုက်၏ ထုတ်ပြန်ချက်အရ သိရသည်။

IBEC ကျောင်းတိုက်၏ ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်) တွင် ထုတ်ပြန်သည့် IBEC လူသားချင်းဆိုင်ရာအကူအညီပေးရေးအစီအစဥ် (IBEC - Humanitarian Assistance Program) သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

စစ်ကိုင်းမြို့တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူပြည်သားများအတွက် ထောက်ပံ့ရေးအစီအစဥ်များကို IBEC ကျောင်းတော်မှတဆင့် မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေထောက်ပံ့ပေးသွားတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IBEC ဆရာတော်သည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အာဆီယံလူမှုကူညီရေးအဖွဲ့အစည်းများ၊ နိုင်ငံတွင်းတရားဝင် ခွင့်ပြုထားသော လူသားချင်းဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆင်းရဲဒုက္ခရောက်နေကြသူများနှင့် နေရပ်စွန့်ခွာလာကြသော စစ်ဘေးရှောင် ပြည်သူများ၏ နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ပေးမည့်အစီအစဥ် များ မကြာခင် စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ထောက်ပံ့ပေးမည့် ကမ္ဘာ့စားနပ် ရိက္ခာထောက်ပံ့မှုအစီအစဉ်ကို (၆)ကြိမ်ဆောင် ရွက်သွားမည်ဖြစ်ပြီး အညာဒေသတွင်ထောက်ပံ့မည့်မြို့နယ်အရေအတွက် တိုးလာကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားထားသည်။

ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလ (၂၆)ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေးတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတောင်းဆိုချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP) မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ‌ရွှေဘိုနှင့် ဟုမ္မလင်းမြို့နယ်တို့ရှိ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဇွန်လမှစ၍ စတင်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image