ကျားဖြန့်နှင့် ဆက်နွှယ်နေသည့် လူပေါင်း ၁၀,၀၀၀ ကို ထိုင်းနိုင်ငံသို့ ပြည်နှင် ဒဏ်ပေးမည်ဟု BGF ဆို

စင်ကာပူ၊ ဖေဖော်ဝါရီ ၁၇

ဆိုက်ဘာလိမ်လည်မှုများ(ကျားဖြန့်)နှင့် ဆက်နွှယ်နေသည့် လူပေါင်း ၁၀,၀၀၀ ကို ထိုင်းနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးရန် ပြင်ဆင်နေကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)က စနေနေ့(ဖေဖော်ဝါရီ ၁၅ ရက်)တွင် ပြောကြားသည်။

ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ပျက်နေသည့် မြန်မာနယ်စပ်တွင် နိုင်ငံ ခြားသားများ လူကုန်ကူးခံရခြင်း၊ အတင်းအကြပ်အလုပ်ခိုင်းစေခံရခြင်းများ မ ကြာခဏဖြစ်ပွားနေကြောင်း၊ အဆိုပါနယ်ပယ်တွင် ကျားဖြန့်လုပ်ငန်းဖြင့် ဒေါ်လာဘီလီယံနှင့်ချီကာ အကျိုးအမြတ်ရရှိနေကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

“ကျွန်တော်တို့ မြေပေါ်ကနေ လိမ်လည်မှုအားလုံးကိုဖယ်ရှားဖို့ ကြေညာထားပါတယ်။ အခု အကောင်အထည်ဖော်နေပါတယ်။” ဟု ကရင်နယ်ခြားစောင့်တပ်(BGF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က အေအက်ဖ်ပီသတင်းဌာနကို စနေနေ့က ပြောကြားသည်။

“ကျွန်တော်တို့ စာရင်းပြုစုထားပြီး လူ ၁၀,၀၀၀ လောက်ကို ထိုင်းနိုင်ငံကိုလွှဲပြောင်းပေးဖို့ ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်နှင်ဒဏ်ပေးမှုကို တစ်ရက်လျှင် လူ ၅၀၀ ဖြင့် ထိုင်းနိုင်ငံသို့ လွှဲပြောင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

Ref: CNA
Photo: AFP/Stringer

#centralnewsnaypyitaw

image