ဆန်တိုဟူး😍
ချဉ်ချဉ်စပ်စပ်လေးနဲ့အရမ်းကိုမိုက်နော်
ဆန်တိုဟူး ကျိုနည်း
ရေအေး(၄)ခွက်၊(၃၂)အောင်စ
ဆန်မှုန့်(၂)ခွက်၊(၁၆)အောင်စ
ပြောင်းဖူးမှုန့်(၁)ခွက်၊(၈)အောင်စ
ထုံးရည်ထမင်းစားဇွန်း(၄)ဇွန်းတို့ကို
အရင်ဆုံးထည့်ပြီးသမသွားအောင်ရောမွှေလိုက်ပါ။
ပြီးလျှင် မီးအေးအေးနဲ့မိနစ်(၂၀)ခန့်အဆက်မပြတ်မွှေပေးပါ။
အဝါရောင်သန်းပြီးပျစ်နှစ်လာလျှင်မီးပိတ်လိုက်ပါ။
အအေးခံမယ့်ပန်းကန်ပြား၊လင်ပန်းထဲထည့်ပြီးအအေးခံထားပါ။
အေးခဲသွားလျှင်ဆန်တိုဟူးသုပ်စားလို့ရပါပြီ။
ဆန်တိုဟူး သုပ်နည်း
ဆန်တိုဟူးကို ပါးပါးလှီး အနေတော်တုံး
ထည့်ရမယ့် အဆာပလာတွေကတော့
ကြက်သွန်နီ/ဖြူဆီသတ်
ကြာညို့
ရှာကောပါကောမှုန့်ဆီသတ်
ဆီတိုဟူးအရည်ဖျော်
နံနံပင်နဲ့ကြက်သွန်ဖြူအရည်ဖျော်
ခရမ်းချဉ်သီးရည်
ဆား
ငရုတ်သီး
အချည်ရည်(ရှာလကာရည်)
(ကျွန်တော်တို့ကချင်ပြည်နယ်မှာကတော့အချဉ်ရည်ကိုမက်လင်ဖတ်အချဉ်ကိုသုံးပါတယ်ကျွန်တော့အကြိုက်ဆုံးအချဉ်ရည်ပါ)
မြေပဲဆံမညက်တညက်ထောင်း
မိမိကြိုက်နှစ်သက်ရာအသားကြော်နဲ့
စားလို့လဲရ
အချိုမှုန့်ကြိုက်ရင်ထည့်
ဒီလောက်စုံအောင်ထည့်ပြီးလုပ်မှတော့
စားလို့ကောင်းပြီပေါ့
အဆင်ပြေကြပါစေ။
Credit🤗

image