10 ပတ် - ဘာသာပြန်ပါ။

လူတူစက်ရုပ်တွေ ထုတ်လုပ်မယ့် Apple
=======================
လူသားတွေကို ကူညီပေးနိုင်တဲ့ လူတူစက်ရုပ် လုပ်ငန်းဟာ အနာဂတ်မှာ အရမ်းကို တိုးတက်မြင့်မားလာမယ်လို့ ပညာရှင်တွေက တွက်ချက်ထားကြပါတယ်။ အဲဒီအတွက် လူတူစက်ရုပ်တွေကို နည်းပညာ ကုမ္ပဏီတွေက အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။
အဲဒီအထဲမှာ Apple လည်း ပါလာတော့မယ်လို့ သတင်းထွက်လာပါတယ်။ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ လူတူ စက်ရုပ်နဲ့ သာမာန် စက်ရုပ်တွေကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ Kuo က Apple ဟာ ဈေးနှုန်း ချိုသာတဲ့ လူတူစက်ရုပ်တွေကို ထုတ်လုပ်ရောင်းချဖို့ ရေရှည်စီမံကိန်း ရေးဆွဲထားတယ်လို့ ပြောပါတယ်။ Apple ဟာ နည်းပညာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းထားပြီး စက်ရုပ်တွေ တည်ဆောက်ဖို့ ထိပ်တန်း အင်ဂျင်နီယာတွေကို ငှားရမ်းနေပါတယ်။
Kuo က Apple ဟာ ၂၀၂၈ ခုနှစ်မှာ စက်ရုပ် အများအပြားကို ထုတ်လုပ်မယ်လို့ ခန့်မှန်းထားပါတယ်။ Apple ဟာ အဆင့်မြင့် စွမ်းရည်တွေ ပါတဲ့ Comsumer စက်ရုပ်တွေကို တီထွင်ရောင်းချချင်နေပါတယ်။ Apple ဟာ လူတူစက်ရုပ် ဈေးကွက်မှာ Tesla ကိုလည်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

image