10 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️မြန်မာဘက် လျှပ်စစ်ပေးပို့မှု ဖြတ်တောက်ခြင်းကို ထိုင်းပြည်သူအများစု ထောက်ခံ
မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖြိုခွင်းရေးအတွက် ထိုင်းအစိုးရကမြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီပေးပို့ ဖြည့်ဆည်းပေးမှုများဖြတ်တောက်ထားမှုကို ထိုင်းပြည်သူအများစုကထောက်ခံထားကြောင်း ဗန်ကောက်ပို့စ်သတင်းစာကဖေဖော်ဝါရီ၁၆ရက်တွင်ရေးသားတင်ပြထားသည်။
အမျိုးသားဖွံ့ဖြိုးရေးအင်စတီကျုက ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းထောက်ခံချက် ရလဒ်များအရ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို ဖြိုခွင်းရေးအတွက် မြန်မာဘက်သို့ လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီ ပေးပို့ဖြည့်ဆည်းပေးမှုများ အစိုးရက ဖြတ်တောက်ထားမှုကို ထိုင်းပြည်သူ ၇၀ ဒသမ၅၄ ရာခိုင်နှုန်းတို့က ထောက်ခံထားကြကြောင်း သိရသည်။
ယင်းအပြင် လူထုသဘောထားစစ်တမ်း ကောက်ခံချက်တွင် ပါဝင်သူအများစုက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ ထိုင်းအစိုး ရတာဝန်ရှိသူ အချို့ပါဝင်ပတ်သက်နေဖွယ်ရှိသည်ဟုလည်း ယုံကြည်ထားကြကြောင်း စစ်တမ်းကောက်ခံချက်၌ ဖော်ပြထားသည်။
မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ထိုင်းတာဝန်ရှိသူအချို့ ပါဝင်ပတ်သက်နေကြောင်း ယုံကြည်သူထိုင်းပြည်သူ ၆၉ ဒသမ ၈၅ရာခိုင်နှုန်းအထိရှိကြောင်း စစ်တမ်းကောက်ခံချက်၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖြိုခွင်းရန်ကြိုးပမ်းသည့်အနေဖြင့် အဆိုပါလုပ်ငန်းများအခြေစိုက်ရာ မြန်မာနယ်စပ်ဒေသများကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီပေးပို့ဖြည့်ဆည်းပေးမှုများအားထိုင်းအစိုးရက ယခုလအစောပိုင်းတွင် စတင်ဖြတ်တောက်ခဲ့သည်။
ထိုင်းအစိုးရက လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက်ပိုင်း မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်၍ထိုင်းနိုင်ငံဘက် ပို့ဆောင်ပေးနိုင်သူအရေအတွက်မှာလည်း ပို၍များပြားလာခဲ့ကြောင်း သိရသည်။

image