နိုင်ငံတကာသတင်းတိုများ
၁။ချီလီကမ်းရိုးတန်းအနီး၌လှေလှော်သူတစ်ဦးသည်ဟမ်ပ်ဘတ်ဝေလငါးကြီး၏ပါးစပ်အတွင်းခဏတာဝင်ရောက်သွားပြီး အံ့ဖွယ်ကံကောင်းစွာဒဏ်ရာမရဘဲ ပြန်ထွက်လာသည့်အခိုက်အတန့်ကို ကင်မရာဖြင့် ဖမ်းယူရိုက်ကူးမိခဲ့သည်။
၂။အမေရိကန်သမ္မတထရမ့်ကကုန်သွယ်ဖောက်ကားမှုတွင်မဟာမိတ်နိုင်ငံများသည်ရန်သူနိုင်ငံများထက်ပင်ဆိုးဝါးသည်ဟုပြောလိုက်သည်။
၃။အမေရိကန်သမ္မတထရမ့်သည်အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့်ကြာသပတေးနေ့ကပူးတွဲပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌အိန္ဒိယကိုအမေရိကန်၏ F-35ကိုယ်ပျောက်တိုက်လေယာဥ်များရောင်းချပေးမည်ဟုပြောလိုက်သည်။
၄။ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်လေပြွန်ရောင်ရောဂါဖြင့်ဆေးရုံတကိကုသခံနေကြောင်းဗက်တီကန်နန်းတော်ကသတင်းထုတ်ပြန်သည်။
၅။တောင်ကိုးရီးယားစီးပွားကူးသန်းဝန်ကြီးကအမေရိကန်၏၏သံမဏိနှင့်အလူမီနီယမ်အပေါ်အခွန်၂၅%ကောက်ခံခြင်းသည်တောင်ကိုးရီးယားကုမ္ပဏီများ၏အမြတ်အစွန်းကိုထိခိုက်သော်လည်းစျေးကွက်အသစ်များရှာရန်အခွင့်အလမ်းလည်းဖြစ်ကြောင်းပြောလိုက်သည်။
NOM