10 w - Translate

Part-2
#သိထားသင့်သော ဒွါရာဝတီ သံတွဲမြို့ (သို့) မသေသောမြို့တော်၏ သမိုင်းကျဉ်း
သားတော်ကြီးမှာအစွယ်သာပါ၍ လူဖြစ်ကာအစွယ်ခေါခေါ မင်းစောဟုတ်တွင်ကာဘခမည်းတော်မင်းစောနတ်ရွာစံသော် အစွယ်ခေါခေါမင်းစောနန်းတက်လေသည်။ အစွယ်ခေါခေါမင်းစောသည် မင်းစော (၉)ဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်လေသည်။ အစွယ်ခေါခေါမင်းစောလက်တက်တွင် ပန်းစားဘီလူးဖြစ်သူမယ်တော်နှင့် ညီတော်နှစ်ပါး၊ နှစ်မတော်တို့မှ ဒွါရာဝတီမြို့တော်အားစောင့်ရှောက်ပေးကြလေသည်။
ပန်းစားနတ်ဘီလူးတို့၏ တန်ခိုးအာနုဘော်ကြောင့် ဒွါရာဝတီမြို့တော်သည် ရန်သူများတိုက်ခိုက်ရန်လာသော် ကောင်းကင်သို့ပျံတက်၍ သမုဒ္ဒရာကျွန်းငယ်တွင် တည်ကြောင်းအဆိုရှိလေသည်။ သို့ဖြစ်၍ ဘီလူးစောင့်ပြည်ဟူ၍ တင်စားရေဖွဲ့ကြလေသည်။
ထိုအချိန်တွင် မဇ္ဇျိမတိုင်းမှ ဥပကံသအမျိုးအနွယ်ဖြစ်သော ဝါသုဒေဝ၊ ဗလဒေဝ မင်းညီနောင်တစ်ကျိပ်တို့သည် ဒွါရာဝတီမြို့တော်ကိုတိုက်ခိုက် သိမ်းပိုက်ရန်ရောက်ရှိလာကြ၏။ ထိုအခါမြို့တော်အားရှာဖွေ၍ မတွေ့ပေ။ မြို့တော်ကိုစောင့်ရှောက် ကုန်ကြသောပန်းစားနတ်ဘီလူးမိသားစုတို့၏ တန်ခိုးအာနုဘော်တို့ကြောင့် ကောင်းကင်သို့ပျံတက်၍ သမုဒ္ဒရာကျွန်းဝယ်တည်လေသည်။ မယ်တော်ကြီးနှင့် ညီတော်(၂)ပါးတို့မှာ မြို့တော်၏တစ်ဘက်ကမ်းဝါသုရတောင်ကြော(အံတော်တောင်ကြော)တွင် နေ၍ ညီမဖြစ်သူပန်းစားဘီလူးမမှာ ဒွါရာဝတီမြို့တော်တွင်နေထိုင်သည်။ ရန်သူများတိုက်ခိုက်ရန်လာသည်ရှိသော် မြို့စောင့်နတ်ဘီလူးမမှာတစ်ဘက်ကမ်းမှ မယ်တော်တို့သိရှိအောင် အချက်ပေးလေသည်။ အချက်ပေးပုံမှာ မြို့တော်အလယ်ရှိရေကန်သာတွင် ကျောက်မြည်းရုပ်ရှိသည်။ ရန်သူလာသော် မြို့စောင့်ဘီလူးမမှာယင်းကျောက်မြည်းရုပ်၏ ကျောပြင်အားပွတ်သတ်ပေး၏ ထိုအခါ ကျောက်မြည်းရုပ်သည် ကျယ်လောင်စွာ မြည်ဟီးလေသည်။ ထိုအခါ တစ်ဘက်ကမ်းမှ ပန်းစားဘီလူးတို့သိရှိပြီး မြို့စောင့်နတ်ဘီလူးနှင့် တစ်ဘက်ကမ်းမှ နတ်ဘီလူးမိသားစုတို့၏ တန်ခိုးကြောင့် မြို့အလုံးမှာကောင်းကင်သို့ ပျံတက်သွားလေတော့သည်။
၀ါသုဒေဝ ညီနောင်တစ်ကျိတ်တို့သည် အကြိမ်ကြမ်ချီတက်တိုက်ခိုက်သော်လည်းအောင်မြင်မှုမရရှိသဖြင့် ကုန်သည်ယောင်ဆောင်လျက် မြို့တော်တွင်းသို့ ဝင်ရောက်ကြလေသည်။ ဒွါရာဝတီမြို့တော်တွင်းဒိဗ္ဗစက္ခုအဘိစျာန်ရရှိသောကဏှာဒီပါယနရသေ့ကြီး၏ ထံပါးသို့ ဆည်းကပ်ကြလေသည်။
မင်းညီနောင်တစ်ကျိပ်တို့သည် ရသေ့ကြီးထံမအကြံဉာဏ်များရယူလျက် မြို့မျက်နှာ အစွတ်တို့တွင် သံတံတင်းမြေတွင် စိုက်တည်ကြကုန်လေသည်။ ထိုအခါ မြည်းရုပ်မှာကျယ်လောင်စွာ မြည်ဟီးသော်လည်း မြို့တော်မှ ပျံတက်ခြင်းငှာအားထုတ်သော်လည်းတံခါးလေးဘက်မြို့မျက်နှာ အစွန်တို့တွင်တည်ရှိကြကုန်သောမင်းညီနောင်တစ်ကျိပ်တို့သည် လေးခုသောသံချောင်းတို့ဖြင့် ကိုင်ကုန်လျက် သံချောင်းတို့ဠ် ဖွဲ့အပ်သောသံကွင်းများကိုသံတံတင်းတို့ဠ် ချိတ်ဆွဲကြရာ မြို့တော် ကောင်းကင်သို့ ပျံတက်ခြင်းငှမစွမ်းဆောင်နိုင်တော့ချေ.။
ထိုကဲ့သို့ တိုက်ခိုက်သိမ်းယူလျက် ဒွါရာဝတီပြည်တွင် မင်းညီနောက်တစ်ကျိပ်တို့ စိုးစံအုပ်ချုပ်ကြလေသည်။ သံချောင်းများဖြသ့် ချိတ်တွ္ပဲ၍ တိုက်ခိုက် သိမ်းယူရသောကြောင့် ဒွါရာဝတီမြို့သည် ‘သံတွဲ’ ဟူ ၍ အမည်နာမထိုးလျက် ဒွါရာဝတီ သံတွဲမြို့ ဖြစ်လာခဲ့ရပေသည် ။ ညီနောင်တစ်ကျိပ်တို့ သည် အမကြီး အဉ္စနာဒေဝီအား ဒွါရာဝတီ သံတွဲမြို့ကိုအပိုင်စားစေသည်။ မကြာပီးညီနောင်တစ်ကျိတ်တို့သည် သူတော်စင်ရဟန်းတစ်ပါးကို ပြစ်မှားမိ၍ ပျက်စီးခြင်းသို့ ရောက်ကြလေရာ ဒွါရာဝတီ သံတွဲမြို့လည်းဆိပ်သုံဉ်းသွားခဲ့ရလေသည်။
မြတ်စွာဘုရားရှင်သည် ဘီစီ(၆)ရာစုတွင် သံတွဲမြစ်အတိုင်းလျောက်ဝင်လေလျှင်မြို့တော်၏ အရှေ့ဘင်နှစ်ဂါတ်ခန့် အကွာကုန်းမြင့်တစ်ခုဖြစ်သောဗာသုတတောင်တော်ဠ် ရပ်တော်မူရာယင်းတော်တော်ကိုတန့်တော်မူတောင်ဟု ခေါ်ဆိုကြသည်။ ယခုအခါ ဒန့်ဒေးတောင်(တန့်တေးတောင်) ဟုတ်ခေါ်ကြသည်။မြတ်စွာဘုရားရှင်သည် ထိုဗာသုတတောင်(ခေါ်) တန်းတော်မူတောင်ထိပ်မှ အနောက်အရပ်သို့ ပြုံးတော်မူပြီးနောက် ဗျာဒိတ်စကားမိန်းကြားတော်မူခဲ့လေသည်.။ မြတ်စွာဘုရားရှင် ဗျာဒိတ်ပေးတော်မူခဲ့သောစေတီတော်မှာ အံတော်စေတီ၊ နံတော်စေတီ၊ ဆံတောင်စေတီတို့ဖြစ်ကြပါသည်။ ရခိုင်ဘုရင် အဆက်ဆက် ၎င်းစေတီတော်များကိုခေတ်အဆက်ပြုပြင်ထိန်းလာခဲ့ကြသည်မှာယနေ့တိုင် တည်ရှိဆဲဖြစ်ပါသည်။
ထို့နောက် ဒွါရာဝတီသံတွဲမြို့သည် ရခိုင်သမိုင်းတွင် လွန်စွာအရေးကြီးသောနယ်ပယ်တစ်ခူဖြစ်လာတော့သည်။ သို့ဖြစ်၍ မင်းဆွေမင်းမျိုး၊ ယုံကြည်ရသောအမတ်တို့သာခန့်အပ်ထားသည်။ထို့အပြင် မြောက်ဦး (၁၄၃၁-၁၇၈၄ )ရခိုင် ဧကရာဇ်နိုင်ငံတွင် သံတွဲသည် အရှေ့ဘုရင်ခံ၏ ထီးနန်းစိုက်ရာမြို့ဖြစ်ခဲ့သည်။ ထို့အပြင် သံတွဲ၏ ရေတပ်အင်အားသည် ရခိုင်ပြည်တွင် ဒုတိယအင်အားအကောင်းဆုံးဖြစ်ခဲ့သည်။
ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရက သံတွဲမြို့ကို Sandoway ဟုလည်းခေါ်တွင်ခဲ့သည်။
ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန မှ ၉-၁၁-၁၉၇၂ ရက်စွဲပါ စာအမှတ် ၁၀၃/၃၂ ၊ စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် သံတွဲမြို့ဟု သမုတ်ခဲ့သည်............
ကိုးကား
ရခိုင်ရိုးရာယဉ်ကျေးမှုအမွေအနစ်များ
Credit: Arakkha Zin Myo
12 July 2024
Photo - Google
#ရခိုင်သမိုင်း
#မသေသောမြို့
#ဒွါရာဝတီ
#သံတွဲ
#rakhine Media

image