လီဗာပူးလ်အသင်းကပ္ပတိန်ဗာဂျယ်လ်ဗန်ဒိုက်က ပြီးခဲ့တဲ့ညတုန်းကအဂ်လန်ပရီးမီးယားလိဂ်ပွဲစဉ်တုန်းက နာကျင်အချိန်ပိုမှာ အဲဗာတန်အသင်းရဲ့ ၂-၂ နဲ့ဆိုတဲ့ရလဒ်ရလဒ်နဲ့သရေကျအောင်လိုက်ကစားခံခဲ့ရပြီးနောက်မှာတော့စိတ်ပျက်မိကြောင်းဖွင့်ဟပြောဆိုခဲ့တာအပါဝင်မိုင်ကယ်လ်အိုလီဗာလ်အနေနဲ့အဆိုပါပွဲစဉ်ကိုကိုင်တွယ်ဖို့လုံလောက်မှုမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။
ဒီဟာကအရမ်းခက်ခဲပါတယ်။ပွဲချိန်နောက်ဆုံးအချိန်မှာချေပဂိုးပေးရတာဟာအမြဲတမ်းစိတ်ပျက်စရာကောင်းပါတယ်။ပွဲချိန်နောက်ပိုင်းမှာသူတို့အသင်းရဲ့ပါးနပ်မှုတွေကိုငါတို့မြင်ရပါတယ်။ဒါကြောင့်ဒီဟာကသူတို့အပေါ်အဓိပ္ပါတယ်ရှိတယ်ဆိုတာငါတို့သိပါတယ်။ငါတို့အတွက်တော့စိတ်ပျက်စရာကောင်းပါတယ်။လက်ရှိမှာတော့ငါတို့ရမှတ်ရယူနိုင်ခဲ့ပြီး ၀ုဗ်ဗာဟမ်တန်နဲ့ပွဲစဉ်အတွက်ရှေ့ဆက်လုပ်ဆောင်သွားရပါမယ်။
ငါတို့ပြန်လာနိုင်ခဲ့ပြီး ၂-၁ နဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ့ ငါတို့အနိုင်မရယူနိုင်ခဲ့ပါဘူး။ငါတို့ဆက်ပြီးတိုက်ပွဲဝင်သွားရပါမယ်။ငါတို့ဒီလိုမျိုးကြိုးစားသွားရမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ ဒီဟာကအနိုင်ရယူဖို့လုံလောက်မှုမရှိခဲ့ပါဘူးလို့ဗန်ဒိုက်ကပြောဆိုခဲ့ပါတယ်။
ဒါ့အပြင်ဗန်ဒိုက်ဟာ ပွဲနောက်ဆုံးအချိန်မှာအသင်း ၂ ကြားကစားသမားတွေအခြေအတင်ဖြစ်တာနဲ့ပတ်သက်ပြီး ဒီဟာကကြီးမားတဲ့တိုက်ခိုက်မှုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဒီဟာကကျနော်လုပ်ဆောင်နိုင်ခဲ့တာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့ဒီနေ့ဒိုင်လူကြီးနဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့ပွဲကိုရာနှုန်းပြည့်ကိုင်တွယ်ဖို့လုံလောက်မှုရှိလားမရှိဘူးလားဆိုတာကျနော့်အနေနဲ့တော့မသေချာပါဘူး။
ဒိုင်လူကြီးအနေနဲ့ ပွဲကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး။ဒီဟာကပွဲကိုအကျိုးသက်ရောက်မှုရှိခဲ့ပြီး ကျနော်သူ့ကိုပြောခဲ့ပြီးပါပြီ။ဒါပေမဲ့ကျနော်ဟာဘယ်သူ့ကိုမှအပြစ်တင်တဲ့သူမျိုးမဟုတ်တာကြောင့်ကျနော်ဒီလိုမျိုးတော့လုပ်ဆောင်လိမ့်မှာမဟုတ်ဘူးလို့ ဗန်ဒိုက်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
