10 ပတ် - ဘာသာပြန်ပါ။

စမတ်နာရီနဲ့ Fitness Tracker တွေမှာ အန္တရာယ်ရှိတဲ့ ဓါတုဗေဒ ပစ္စည်းပါဝင်နေ
============================================
Environment Science & Technology Letters ရဲ့ သုတေသန စစ်တမ်း အရ စမတ်နာရီနဲ့ Fitness Tracker များစွာမှာ လူတွေအတွက် အန္တရာယ်ရှိတဲ့ Perfluotohexanoic Acid (PFHxA) ဓါတုဗေဒ ပစ္စည်း ပါဝင်မှု မြင့်မားနေတယ်လို့ သိရပါတယ်။
လက်ပတ်ကြိုးတွေမှာ အဲဒီ ဓါတုဗေဒ ပစ္စည်း ပါဝင်နေတာ ဖြစ်ပြီး နေ့စဉ် ၁၁ နာရီကျော် ဝတ်ဆင်တဲ့အခါ လူတွေအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ Notre Dame တက္ကသိုလ်မှ သုတေသနပညာရှင်တွေက Fluroelastomers နဲ့ ပြုလုပ်ထားတဲ့ နာရီ လက်ပတ်ကြိုး ၂၂ ခုကို စစ်ဆေးကြည့်တဲ့အခါ PFHxA ကို တွေ့ခဲ့ရပါတယ်။
လူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးတယ်လို့ ကြေညာထားတဲ့ စမတ်နာရီနဲ့ Fitness Tracker တွေမှာ ဒီလို အန္တရာယ်ရှိတဲ့ ဓါတုဗေဒ ပစ္စည်းတွေ ပါဝင်နေတာဟာ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ အနေနဲ့လည်း ဒီလို မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်ပါတယ်။

image