Part-1
*လူတစ်စု အုပ်စိုးခြင်းလား၊ ကိုယ်စားလှယ် အုပ်စိုးခြင်းလား
အထက်တွင် ဖော်ပြခဲ့သည့်ပြည်သူ့သဘောဆန္ဒကို နားထောင်မှတ်သားခြင်း ဟူသည် ပြည်သူ့ကိုယ်စားလှယ်များ အုပ်စိုးသည့် စနစ်အား ပြည်သူကို ကိုယ်စားမပြုသည့် လူတစ်စု အုပ်စိုးမှုစနစ်နှင့် ကွာခြားသွားစေသည့် အချက်များထဲမှ တစ်ခုဖြစ်ပါသည်။
အလားတူ၊ ၎င်းနှစ်ခုအကြား ကွာခြားစေသည့် အခြားအချက်များ၊ သို့မဟုတ် ကိုယ်စားပြုစနစ်၏ ဒီမိုကရေစီ လက္ခဏာရပ်များကား၊
၁။ အချို့သော ခြွင်းချက်များမှအပ နိုင်ငံသားတိုင်း ပြည်သူ့ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံပိုင်ခွင့်ရှိခြင်း။ ပညာအရည်အချင်း၊ ဓနဥစ္စာပိုင်ဆိုင်မှု စသည်များအားဖြင့် ကန့်သတ်ထားမှု မရှိခြင်း။
၂။ နိုင်ငံရေး ရာထူးကြီးများ၌ တာဝန်ထမ်းဆောင်မည့်သူတို့ကို တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က တိုက်ရိုက် ခန့်အပ်ခြင်းမပြုဘဲ အများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်း။
၃။ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားဖြန့်ချိခွင့်များရှိ၍၊ အတွေးအမြင် အယူအဆ အမျိုးမျိုးရှိသည့်စာနယ်ဇင်း မီဒီယာများ ထွန်းကား ရှင်သန်နိုင်ခြင်း၊ ယင်းတို့အား အစိုးရက ဆင်ဆာစနစ်ဖြင့် ထိန်းချုပ်ကွပ်ညှပ်မှု မပြုခြင်းကြောင့် နိုင်ငံ့အရေး ကိစ္စများကို ရှုထောင့်အသီးသီးမှ လွတ်လပ်စွာ ငြင်းခုံဝေး နိုင်ခြင်း။
၄။ အစိုးရက အစစအရာရာ လျှို့ဝှက်ခြင်း၊ သတင်းဖြန့်ချိရေးကို လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားခြင်းများ မရှိသည့်ပြင်၊ အစိုးရ၏ လုပ်ကို ဆောင်ရွက်မှု အရပ်ရပ်ကို အများသူငါ သိပိုင်ခွင့်ရှိသဖြင့်၊ ထိုသိရှိမှုတွင် အခြေခံကာ စိတ်ဝင်စားသူ ကျွမ်းကျင်သူ အသီးသီးတို့က သုံးသပ် ဝေဖန် ခြင်းဖြင့် အစိုးရယန္တရားအား ပြည်သူက ထိန်းကျောင်းနိုင်သော သဘောရှိခြင်း၊
#ဆက်ရန်ရှိ