10 w - Translate

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀ ကျော်က မြန်နှုန်းစံချိန်တင်ခဲ့တဲ့ ပထမဆုံး လျှပ်စစ်ကား
၁၈၉၉ ခုနှစ်က စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော် မောင်းနှင်နိုင်ခဲ့တဲ့ ယာဉ်တစ်စီးအကြောင်း ပြောပြချင်ပါတယ်။
ဘယ်လ်ဂျီယံက ယာဉ်မောင်း Camille Jenatzy ဟာ သူ့ရဲ့ Le Jamais Contente (The Never Satisfied) လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကားနဲ့ တစ်နာရီကို ကီလိုမီတာ ၁၀၅.၈၈ (65.792 mph) အထိ မောင်းနှင်နိုင်ခဲ့ပါတယ်။
အဲဒီကားဟာ အလျား ၁၂ပေခွဲ ၊ အကျယ် ၅ပေ ခန့်ရှိပြီး ဒုံးပျံပုံသဏ္ဍာန် ဒီဇိုင်းနဲ့ partinium( alloy of aluminium)၊ tungsten ၊ magnesium သတ္တုစပ်တွေနဲ့ ပြုလုပ်ထားပါတယ်။
အင်ဂျင်အနေနဲ့ ၆၈ မြင်းကောင်အား ရှိတဲ့ လျှပ်စစ်မော်တာ နှစ်လုံးတပ်ဆင်ထားပါတယ်။
ယာဉ်မောင်းက မြင်းစီးသလို ထိုင်ခုံပေါ်မှာ ထိုင်ရပြီး ခါးပတ်တို့၊ လုံခြုံရေး ကိရိယာတို့ မပါဝင်သေးတဲ့ ခေတ်မှာ အဲဒီလို အမြန်နှုန်းမျိုးနဲ့ မောင်းနှင်ခဲ့တာဟာ တကယ့်ကို စွန့်စားမှုကြီး တစ်ခုပါပဲ။
Jenatzy က အဲဒီအတွေ့အကြုံကို "ကားက မြေပြင်ကနေ ခွာထွက်သွားသလိုပဲ၊ လေထဲမှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်လို ခံစားရတယ်" လို့ ဖော်ပြခဲ့ပါတယ်။
ဒီစံချိန်ဟာ နောက်ထပ် သုံးနှစ်တိုင်တိုင် မကျိုးပျက်ခဲ့ပါဘူး။ ယနေ့ခေတ်မှာတော့ Le Jamais Contente ရဲ့ ပုံတူပြုလုပ်ထားတဲ့ ကားကို ပြင်သစ်နိုင်ငံ Compiègne မြို့က မော်တော်ယာဉ်ပြတိုက်မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။

image