US App Store မှာ TikTok ပြန်ရောက်လာပြီ
၂၅ ရက်ကျော်ကြာ ပိတ်ထားပြီးနောက် Apple App Store နှင့် Play Store တွေမှာ TikTok ပြန်ရောက်လာပါပြီ။ Trump အနေနဲ့ TikTok ကို ဧပြီ ၅ ရက်နေ့အထိ ရွေ့လိုက်တာကြောင့်ပါ။ (၇၅ ရက် ဆိုင်းငံ့ဆိုတော့လည်း တွက်ကြည့်ရင်တော့ ဒီတိုင်းပါပဲ)
US မှာ TikTok ကို ဇန်နဝါရီ ၁၈ ရက်မှာ ပိတ်လိုက်ပြီလို့ ကြေညာခဲ့ပေမဲ့ ၁၉ ရက်နေ့မှာ ပြန်သုံးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ App Store တွေမှာတော့ ဖယ်ရှားခဲ့တာပါ။ ဒါကြောင့် App ကို Uninstall လုပ်ခဲ့တဲ့သူတွေ download လုပ်လို့မရဖြစ်ခဲ့တာပါ။ အခုတော့ Download ပြန်လုပ်နိုင်ပါပြီ။
သို့ပေမဲ့လည်း ByteDance အနေနဲ့ ၇၅ ရက်အတွင်း US ကုမ္ပဏီတစ်ခုခုကို ရောင်းချရန်နဲ့ ရောင်းချခြင်းမရှိပါက ဆိုင်းငံ့ကာလပြည့်ရင်တော့ တားမြစ်မိန့် ပြန်ရင်ဆိုင်ရမှာပါ။ လက်ရှိမှာလည်း ဘီလီနာသူဌေးကြီးတွေ အများစုကလည်း TikTok ကို ဝယ်ယူဖို့ အစီအစဉ်တွေရှိကြောင်း ဖော်ပြထားပါသေးတယ်။
TikTok အပြင် CapCut, Lemon8 တို့လည်း App Store တွေမှာ ပြန်လည်ရရှိနေပြီပဲဖြစ်ပါတယ်။
