အံ့ဩစရာပါပဲ။
တရုတ်နိုင်ငံ၊ ဟူပေ ပြည်နယ်ရှိ ဝူဟန်-ယန်ရှင်း ကားလမ်းမကြီးသည် စပါးစိုက်ခင်းများနှင့် ရေထွက်ပစ္စည်း မွေးမြူရေးကန်များအကြားတွင် ၁၂၆ ကီလိုမီတာမျှ ရှည်လျားစွာ ဖြတ်သန်းသွားသည့် ဆောက်လုပ်ရေးအင်ဂျင်နီယာလက်ရာတစ်ခုဖြစ်သည်။ ၎င်း၏ အဆင့်မြင့်ဒီဇိုင်းကြောင့် လမ်းပေါ်တွင် တစ်နာရီလျင် ၁၀၀ ကီလိုမီတာနှုန်းအထိ အမြန်နှုန်းဖြင့် မော်တော်ယာဉ်များ အဆင်ပြေစွာသွားလာနိုင်ရုံသာမက စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ကာကွယ်ပေးပြီး အခြားပုံမှန်လုပ်ငန်းများကို အနှောင့်အယှက်မရှိဘဲ ဆက်လက်လုပ်ကိုင်နိုင်စေပါသည်။ ဝေဟင်မှကြည့်လျှင် ကားလမ်းမကြီးသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောမျောနေသည့်လမ်းတစ်ခုနှယ်တွေ့မြင်နေရပြီး အလွန်လှပသော ရှုခင်းကို ဖန်တီးပေးထားလေသည်။
Amazing!
