ဘရော်နီကာက ချီလီဖိုက်တာ ကို အမှတ်နဲ့ရှုံးနိမ့်
ဒီကနေ့ ညပြုလုပ်နေတဲ့ ONE Championship ရဲ့ One Friday Fights97 ပွဲစဉ်မှာ ချီလီဖိုက်တာ ဖရန်စစ္စကာဗီရာ က မြန်မာကယန်းကျားသစ်မယ်ဖိုက်တာ ဘရော်နီကာ ကို အမှတ်နဲ့ အနိုင်ရသွားပါတယ်။
ကယန်းကျားသစ်မယ် ရဲ့ ONE Championship ပွဲဦးထွက်ပွဲဖြစ်ပြီး ပြိုင်ဘက်ဗီရာက တံတောင်နဲ့ လက်သီးတွေကိုအားပြုသုံးသွားခဲ့ပါတယ်။
ဘရော်နီကာက ဒုတိယအချီမှာ သက်လုံအားနည်းချက်ကြောင့် ရှုံးခဲ့တာလို့ သုံးသပ်ချက်တွေရှိပါတယ်။ ONE Championship ကတော့ ဖိုက်တာ ၂ ဦးလုံးကို ဘောနပ်စ်ပေးခဲ့ပါတယ်။
One Friday Fights97 ပွဲစဉ်အနေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က လုမ္ဗနီအားကစားရုံကြီးမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရိုးရာ အမျိုးသမီးလက်ဝှေ့ချန်ပီယံလည်း ဖြစ်တဲ့ ဘရော်နီကာဟာ ONE Championship နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုပြီး ONE Championship မှာ ယှဉ်ပြိုင်ကစားတဲ့ ပထမဆုံး မြန်မာအမျိုးသမီး ဖိုက်တာလည်း ဖြစ်ပါတယ်။
သူနဲ့ပြိုင်ဘက် ချီလီဖိုက်တာကတော့ ONE Championship မှာ ၅ အကြိမ်အထိ ထိုးသတ်တဲ့ အတွေ့အကြုံရှိထားသူပါ။
#သတင်းဟင်းလေးအိုးကြီး

