ကနေ့ခေတ်မှာ EV တစ်စီးကနေ မြင်းကောင်ရေထောင်ကျော်ကို အသာလေးထုတ်ပြနေကြတာဟာ ပြောရရင် ထူးဆန်းမနေတော့တာအမှန်ပဲ။ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်အမြဲလိုလိုပြောဖူးပါတယ်။ တကယ်တော့ ဒီ Trend က ကျွန်တော်တို့ automotive industry တစ်ခုတည်းမှာပဲ ဖြစ်နေတာမဟုတ်ပြန်ဘူးဗျ။ ကျွန်တော်တို့ နေ့စဥ်အသုံးပြုနေကြတဲ့ smartphones တွေမှာလည်း ထိုနည်းလည်းကောင်းပဲ။
Snapdragon ဆီကနေ Chipset အသစ်ထွက်လာပြီဟေ့ဆိုတာနဲ့ smartphones ကုမ္ပဏီတွေကလည်း သူ့ထက်ငါအရင်ဦးအောင် ဒီ Chipset တွေကို ထည့်ချင်ကြသလို၊ ထည့်လည်းထည့်နေကြပါတယ်။ တကယ်လည်း ဒီ Chipset တွေက စက္ကန့်မျှအချိန်လေးအတွင်းမှာပဲ သန်းပေါင်းများစွာသော operations တွေကိုလုပ်ဆောင်နိုင်သလို၊ computing power ကျွတ်ဆင်ကြီးနဲ့လာတာ မှန်ပေမယ့် software optimizations နဲ့ battery life တို့လို တစ်ခြားသော factors တွေကို ကောင်းကောင်းမကိုင်တွယ်ထားတဲ့ smartphone ထုတ်လုပ်သူတွေကြောင့် တစ်ဖက်မှာထိခိုက်နစ်နာရတာက သုံးစွဲသူတွေရဲ့ user experience ဗျ။
ကနေ့ခေတ် EV တွေကိုကြည့်လိုက်ပါ။ Model S Plaid နဲ့ Lucid Air Sapphire တို့ဆိုတာ သာမန် Supercar တစ်စီးမှာတောင် တွေ့ရခဲတဲ့ မြင်းကောင်ရေထောင်ကျော်ကို အသားလေးထုတ်ပြထားကြတာဗျ။ သို့ပေမယ့်လို့ Sedan တစ်စီးဆိုသည့်တိုင် Urus လောက် အလေးချိန်စီးနေတာကို မဖြေရှင်းနိုင်သေးသ၍တော့ ကောင်းမွန်တဲ့ driving engagement quality တစ်ခု မရနိုင်သေးဘူးလို့ပဲ ဆိုရလိမ့်မယ်။
အောက်ကပုံထဲမှာ မြင်တွေ့ရတဲ့ camouflage အုပ်ထားတဲ့ကားက နောင်လာမည့် M3 မျိုးဆက်ရဲ့ EV version ပါ။ EV ဆိုတာ ထားအုံးတော့ G90 M5 တောင် Hybrid ဖြစ်သွားတဲ့အတွက် power-to-weight ratio ချလိုက်ရင် F90 ထက် သိသာတဲ့ improvement တစ်ခုမဟုတ်ဘူးဆိုတာ ကိုယ့်လူတို့ မျက်မြင်ပါ။ ဆိုတော့ကာ Hybrid မှာကတည်းက weight နဲ့ပတ်သက်ပြီး အတော်လေး struggle ဖြစ်ခဲ့ရတဲ့ BMW အနေနဲ့ M3 EV မှာရော အလေးချိန်ပိုစီးလာအုံးမယ့် Battery packs တွေရဲ့ weight ကို ဘယ်လိုကိုင်တွယ်မလဲ? Weight ကိုမလျှော့ဘဲ Power ချည်း မိုးထိအောင်တက်ထုတ်ပြီး handling နဲ့ braking စတာတွေကို စတေးပေးရအုံးမှာလား?
ဝမ်းသာစရာကတော့ BMW အနေနဲ့ M3 အသစ်ကို ICE ရော EV ရော ဗားရှင်းနှစ်မျိုးစလုံးနဲ့ ထုတ်သွားမယ် ဆိုတာပါ။ သေချာတာတစ်ခုကတော့ EV ဗားရှင်းမှာ Total Output တစ်ထောင်မကျော်ရင်တောင် အဲ့နီးနီးတော့ ထွက်ပါလိမ့်မယ်။ ဒါ့ကြောင့် ရွေးချယ်ရမှာက Performance ပိုကောင်းမယ့် EV ဗားရှင်းကို ရွေးမလား? Personality အပြည့်နဲ့ ICE ဗားရှင်းကိုပဲ ရွေးမလားဆိုတာပါ။
