Part-2
*သောကြာပိုင်းအစ ဒို့ကျောင်းသားက

ဒဂုန်ဦးစန်းငွေရေးတဲ့ “ဒို့စကား၊ ဒို့စာ၊ ဒို့သဒ္ဒါ”စာအုပ်ကို ဆရာနိုး ဝေဖန် ရေးနဲ့ပတ်သက်လို့ ကျွန်တော့်ခံစားချက်ကို ဆရာမိုးအား ပြောပြဖူးတယ်။ ကျွန်တော် ခံစားရတာက “ဒဂုန်ဦးစန်းငွေစာအုပ်” “ဖြင့်နဲ့နှင့်” အကြောင်းဖတ်ရတော့ ကျွန်တော်တို့ စာရေးရမှာ လက်တွန့်သွားပြီး မိမိတို့ရေးခဲ့တာတွေ မှားနေသလား ဆိုပြီး စာရေးရမှာ ကြောက်သွားကြောင်း ပြောပြတယ်။ နောက်တော့ “ဆရာနိုး” ရေးတဲ့ ဝေဖန်စာကိုဖတ်ပြီးတော့မှ ဆရာကြီး ဒဂုန်ဦးစန်းငွေရေးသလိုကြီးလည်း မဟုတ်သေးဘဲကိုး။ ဆရာကြီးက ပါဠိတတ်သယောင်၊ ဗမာစာတတ်သယောင်နဲ့ ယောင်ဝါးဝါးရေးထားတယ်လို့ ဆိုထားတာကိုး။ ဒီတော့မှ အားတက်လာတယ်။ ဆရာနိုးရေးတဲ့ ဝေဖန်စာမှာ ကျွန်တော်ခံစားလိုက်တာက ဒဂုန်ဦးစန်းငွေတည်း ဟူသော ပုဂ္ဂိုလ်ကြီးကို ပရိသတ်ရှေ့မှာ စင်ပေါ်တင်ပြီး ဘာမှမတတ်ဘူး၊ ဒါပဲ ရှိတယ်ဆိုတဲ့သဘောနဲ့ သင်ကြီးလှန်ပြလိုက်သလို။ ဒီနေရာမှာ ဆရာက ရပ်မထား သေးဘဲ လှန်ထားတာကြီးကို ဆရာက တံတွေးနဲ့ထွေးသွားသေးလို့ ကျွန်တော်ခံစား မိတာကို ဆရာမိုးအားပြောပြတော့ ဆရာက ကျွန်တော့်ကိုမြှောက်ပေးတယ်။ ည စားပွဲသောက်ပွဲ စာပေပွဲကျတော့ပြောပါ ဝေဖန်ပါတဲ့။ ကျွန်တော်လည်း အရှိန် ရလာတော့ ဆရာနိုး ပြောပြတယ်။ ဆရာက ဒဂုန်ဦးစန်းငွေတည်းဟူသော ပုဂ္ဂိုလ်ကြီးဟာ ဘာမှမဟုတ်ဘူး၊ ဒါပဲလောက်တင်လှန်ပြပြီး ဆရာက ဇာတ်စင် ပေါ်က ဆင်းသွားရမှာ။ အဲဒီလို ဆင်းမသွားဘဲ လှန်ပြထားတဲ့ “င်ကြီးကို တံတွေးနဲ့ ထွေးသွားတော့ ပရိသတ်က လူကြီးကို ဒီလိုလုပ်ရမလားဆိုတဲ့ အကြည့်မျိုးနဲ့ ဆရာ လူဆိုးဖြစ်သွားတာပေါ့လို့ပြောတော့ ဆရာနိုးက ပြုံးပြုံးကြီးကြည့်နေတယ်။ ပြီးတော့မှ ဆရာဆောင် အဲလိုပဲ ခံစားရသလားတဲ့။
ကျုပ်က သာမန်ပုဂ္ဂိုလ်ဆိုရင် ဒီလိုမရေးပါဘူး။ ဒီပုဂ္ဂိုလ်မျိုးက “အာဏာနား၊ ပါဝါမျှောင်”နေတဲ့ပုဂ္ဂိုလ်မို့ သိအောင်ရေးပြလိုက်တာတဲ့။
“ဒို့ကျောင်းသား စာပေဝိုင်း”က စနေ၊ တနင်္ဂနွေ (ဆရာမိုးတို ့ ဆရာ မင်းကျော်တို့ စာလာသင်တဲ့နေ့) လုပ်ရာကနေ နည်းနည်းကြာလာတော့ သွားရေး လာရေး ခက်ခဲတာ၊ လူစုံမလာနိုင်တာတွေကြောင့် “ဘီအိုစီ ကောလိပ်ကန်တင်း” လက်ဖက်ရည်ဆိုင်ကို ရွှေ့လိုက်ကြပါတယ်။

#ဆက်ရန်ရှိ