အာဆင်နယ်အသင်းဟာဒဏ်ရာရရှိခဲ့တဲ့ အသင်းရဲ့နောက်ခံကစားသမား ထာကီဟီရိုတိုမီယာဆုကို ဒုတိယအကြိမ်မြောက် ဒူးခေါင်းခွဲစိတ်ကုသမှုခံယူဖို့အတွက်စေလွှတ်ဖို့စဉ်းစားသုံးသပ်နေတယ်လို့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။
ဂျပန်လက်ရွေးစင်နောက်ခံကစားသမားထာကီဟီရို တိုမီယာဆုဟာ ဒီရာသီကာလမှာတပွဲသာပါဝင်ကစားထားခဲ့ရပြီး ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဆောက်သမ်တန်အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာ အရံကစားသမားအဖြစ်ရှိနေခဲ့ကာ ဒူးဒဏ်ရာကနေပြန်လည်ထူထောင်လာခဲ့ပြီးနောက်ဖြစ်ပါတယ်။
အဆိုပါဂျပန်နောက်ခံကစားသမားဟာ ဒီရာသီကာလအစပိုင်းကာလမှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ပွဲထွက်ကစားခွင့်လွဲချော်ခဲ့ပြီး လက်ရှိမှာတော့ ဒူးဒဏ်ရာပြန်ရှိလာခဲ့တာကြောင့် ခွဲစိတ်ကုသမှုထပ်မံခံယူရဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းဆေးအဖွဲ့ကလည်း တိုမီယာဆုကိုနောက်တကြိမ်ခွဲစိတ်ကုသမှုပြန်လည်ခံယူစေဖို့စဉ်းစားသုံးသပ်နေပါတယ်။ခန္ဓာကိုယ်ပြန်လည်ထူထောင်ရေးလုပ်ဆောင်တဲ့ကာလမှာအချိန်ကာလကြာမြင့်မှာဖြစ်ပြီး ကုသမှုခံယူရတာဟာလည်းအချိန်ယူရမှာဖြစ်ပါတယ်။
ဒီမတိုင်ခင်မှာတော့ထာကီဟီရို တိုမီယာဆုအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၃ လအထိအနားယူထားခဲ့ရကာ တကယ်လို့ဒုတိယအကြိမ်ခွဲစိတ်ကုသမှုထပ်မံခံယူရမယ်ဆိုရင်တော့ ၂၀၂၄/၂၅ ရာသီကာလတလျှောက်လုံးလွဲချော်ဖွယ်ရှိနေပါတယ်။
#ဘောလုံးသတင်းစုံ
