ရေးဆွဲနေရင်းနဲ့ အရောင်တွေ မှိန်ခဲ့တယ်..

နှစ်ယောက်အတူ စိတ်ကူးထားတဲ့ ပန်းတိုင်လေး..
လူတစ်ယောက်နဲ့တစ်ယောက်အကြောင်းပြချက်မရှိပဲ ရုတ်တရက်ဖြစ်ပေါ်လာရာကနေ
ထာဝရအဖြစ်ပြောင်းလဲပြီး မွေးဖွားလာတဲ့ ချစ်ခြင်းတရားတွေ...

နောက်ဆုံးတော့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုကြားမှာ ဒီပန်းချီကားလေး အရောင်တွေ မှိန်ခဲ့ရတယ် ..
အိမ်မက်တွေနဲ့ ရေးခြယ်ထားတဲ့ ပန်းချီကားလေးတစ်ချပ်က အချိန်မတိုင်ခင် အရောင်တွေ လွင့်သွားခဲ့ရတယ်..
ဘယ်သူကိုမှ အပြစ်မတင်ရက်ပါဘူး။
ချစ်မိတဲ့သူက အရှုံးပေါ့.

image