မြန်မာဘက်က ဆန္ဒပြမှုကြောင့် ထိုင်းနိုင်ငံဘက်က ဖြတ်တောက်မှုအစီအစဉ်တွေ ပြောင်းလဲသွားမှာမဟုတ်ကြောင်း ထိုင်းအစိုးရပြော
ဖေဖော်ဝါရီ ၁၁
ထိုင်းအစိုးရရဲ့ ဦးစားပေးဆောင်ရွက်မှုက ထိုင်းနိုင်ငံသားတွေကို ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) အန္တရာယ်က ကာ ကွယ်ပေးဖို့ဖြစ်ပြီး ထိုင်းကုန်စည်တွေကို သပိတ်မှောက်ဖို့ မြန်မာနိုင်ငံဘက်က ဆန္ဒပြသူတွေတောင်းဆိုမှုကြောင့် အဲဒီ ဦးစားပေးအစီအစဉ် ပြောင်းလဲသွားမှာမဟုတ်ကြောင်း ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁၀ ရက်နေ့ (တနင်္လာနေ့) က ပြော ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေ ကျက်စားရာ နေရာငါးခုကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ဖြတ်တောက်လိုက်ပြီးနောက် မြန်မာနိုင်ငံသားတချို့က ထိုင်းကုန်စည်တွေကို သပိတ် မှောက်ဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေအနေနဲ့ ၎င်းတို့ မကျေနပ်မှုတွေကို လွတ်လပ်စွာဆန္ဒပြထုတ်ဖော်ခွင့်ရှိပေမဲ့ ၎င်းတို့ရဲ့ဆန္ဒပြမှုဟာ မြန်မာ နိုင်ငံထဲက တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူနယ်စပ်ဒေသတွေကို လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ဝန် ဆောင်မှုတွေ ဖြတ်တောက်မယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ဒုတိယ ဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ပြောပါတယ်။
“သူတို့ (ကျားဖြန့်ဂိုဏ်းတွေ) အနေနဲ့ သေသေချာချာ စဉ်းစားသင့်တယ်။ သူတို့ဟာ ထိုင်းနိုင်ငံကလာတဲ့ စားနပ်ရိက္ခာ ကုန်စည်တွေကို မှီခိုနေရတာဖြစ်တယ်။ အဲဒီစားနပ်ရိက္ခာတွေ မရှိရင် သူတို့ ကိုယ့်ဘာသာကိုယ် ရုန်းကန်နေရမှာဖြစ် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ အဓိကအာရုံစိုက်တာက ထိုင်းနိုင်ငံရင်ဆိုင် နေရတဲ့ ပြဿနာကို အာရုံစိုက်တာပါ။ ဒီပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ပြီး ဖြေရှင်းရမှာပါ။” လို့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာဖမ်သမ်က ပြောပါတယ်။
ဆန္ဒပြအရေအတွက်ဟာ အနည်းအကျဉ်းသာရှိကြောင်း၊ ထိုင်းအစိုးရအနေနဲ့ ထိုင်းလူမျိုးတွေကို ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းတွေ သုတ်သင်ရှင်းလင်းရေးကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဒါပေမဲ့ ဖျော်ဖြေရေးနေရာတွေနဲ့ ကျားဖြန့််လုပ်ငန်းဆောင်ရွက်နေတဲ့ ရာဇဝတ်ဂိုဏ်းနေရာတွေမှာ ၎င်းတို့ ကိုယ်ပိုင်မီး စက်တွေနဲ့ ထိန်ထိန်သာနေပြီး ၎င်းတို့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေဆဲအချိန်မှာပဲ မြန်မာနိုင်ငံ နယ်စပ် ဒေသက သာမန်ပြည်သူတွေကတော့ အမှောင်ထဲမှာ နေနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံ နယ်စပ်ကို ခိုးသယ်နေတဲ့ လောင်စာဆီတွေနဲ့ ဆိုလာပြား မှောင်ခိုကုန်ကူးမှုတွေ ကိုလည်း နှိမ်နှင်းနေပါတယ်။
Ref: Myanmar to stay in the dark
#centralnewsnaypyitaw
