ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံထဲ ဆောင်းသီးနှံအာမခံအတွက် ကျပ်သန်း ၆၀၀ ကျော် ပေးလျော်သွားမယ်လို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်း သတ်မှတ်မိုးရေချိန်ထက် ကျော်လွန်ရွာသွန်းခဲ့လို့ ဆောင်းသီးနှံတွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် သီးနှံလျော်ကြေးပေးရတာလို့ ဆိုပါတယ်။
#realnews