11 ပတ် - ဘာသာပြန်ပါ။

** အသီးအရွက် ဆိုဒါ ချဥ်ဖက်လုပ်နည်း **
ကြွပ်ရွပြီး အရသာရှိတဲ့ ချဉ်ဖတ်ကို ၁ ရက်အတွင်း စားလို့ရပါပြီး။ ချဉ်ဖတ်ဆိုတာ Prebiotic အတွက် အကောင်းဆုံးပါပဲ။
ဒီဟင်းလျာကို လုပ်စားကြည့်ပါ။
** ပါဝင်ပစ္စည်းများ **
၁။ သကြား ၅၀ ဂရမ်
၂။ ဆား ၁ ဇွန်း
၃။ ရှာလကာရည် ၁၀၀ ml
၄။ ဆိုဒါ ၁ ပုလင်း
၅။ ကြိုက်နှစ်သက်ရာ အသီးအရွက်များ
(ဥပမာ - သခွားသီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်သီး)
** ပြုလုပ်နည်း **
၁။ အသီးအရွက်များကို ကြိုက်နှစ်သက်ရာ အရွယ်အစားအတိုင်း လှီးပါ။
၂။ ပြီးရင် ထည့်မဲ့ ပုလင်းထဲ ထည့်ပါ။ ( ဗူးလဲရပါတယ် )
၃။ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပါ။
၄။ နောက်ဆုံးမှာ ဆိုဒါထည့်ပါ။
(ဒီဟင်းနည်းမှာ ချဉ်ဖတ်ရည်ကို မပြုတ်ရပါဘူး)
၅။ အားလုံးကို သမအောင်မွှေပါ။
၆။ အုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁ ညအိပ်ထားပါ။
၇။ နောက်တစ်နေ့မှာ စားလို့ရပါပြီး။
၈။ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အကြာကြီးအထားခံပါတယ်။
ဒီဟင်းလျာကို စမ်းလုပ်စားကြည့်ပါ။ အရမ်းကောင်းပါတယ်။

image