ဆုဖလားလက်မဲ့ရာသီကို အာဆင်နယ် အဆုံးသတ်နိုင်မှာလား

ဖေဖော်ဝါရီ ၉

အာဆင်နယ်အသင်းဟာ ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရကာ ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာထားရတာကြောင့် သူတို့ဟာ ဒီရာသီမှာ ပြည်တွင်း ဖလား ၂ ခုစလုံးကို ဆုံးရှုံးထားရတာပါ။

အဲဒါကြောင့် အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ပုံ - အာဆင်နယ်အသင်းသားတွေကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image