DeepSeek ကို ဒေါင်းလုပ်လုပ်ရင် ထောင်ဒဏ် နှစ် ၂၀ နဲ့ ငွေဒဏ် ဒေါ်လာ သန်း ၁၀၀ အထိ ပြစ်ဒဏ်ချနိုင်မယ့် ဥပဒေကို အမေရိကန် လွှတ်တော် အမတ် အဆိုပြု
=============================================================
DeepSeek ဟာ TikTok လို ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ အမေရိကန် လွှတ်တော် အမတ် Josh Hawley က တရုတ် AI တွေ၊ အထူးသဖြင့် DeepSeek ကို ပိတ်ပင်နိုင်မယ့် ဥပဒေ တစ်ခုကို အဆိုပြုတင်သွင်းလိုက်ပါတယ်။
အဲဒီ ဥပဒေဟာ AI ဥပဒေတွေထဲမှာ အကြမ်းဆုံး ဖြစ်လာပါတယ်။ Hawley က အမေရိကန် နိုင်ငံသားနဲ့ ကုမ္ပဏီတွေကို တရုတ် AI အသုံးပြုခွင့် ပိတ်ပင်ပြီး ဥပဒေ ချိုးဖောက်ရင် ထောင်ဒဏ် ၂၀ နှစ်နဲ့ လူတစ်ယောက်အတွက် ဒဏ်ငွေ ဒေါ်လာ ၁ သန်း၊ ကုမ္ပဏီအတွက် ဒဏ်ငွေ ဒေါ်လာ သန်း ၁၀၀ ပြစ်ဒဏ်ချမှတ်ဖို့ လွှတ်တော်မှာ အဆိုပြုလိုက်ပါတယ်။
DeepSeek ကြောင့် တစ်ကမ္ဘာလုံးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ အမေရိကန် စတော့ ဈေးကွက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဒေါ်လာ ၁ ထရီလီယမ် ဆုံးရှုံးသွားပါတယ်။ အဲဒီအတွက် အမေရိကန် အစိုးရက DeepSeek ကို ပိတ်ပင်နိုင်အောင် ကြိုးစားနေကြတာဖြစ်ပါတယ်။
Ref : Tech Explorers
