21 ပတ် - ဘာသာပြန်ပါ။

ရုရှားနည်းပညာနဲ့ ဒရုန်းအမြောက်အများထုတ်လုပ်ဖို့ မြောက်ကိုရီးယား စီစဉ်နေ

ပြုံးယမ်း၊ ဖေဖော်ဝါရီ ၈

မြောက်ကိုရီးယားဟာ ရုရှားနဲ့ ပူးပေါင်းပြီး ဒရုန်းအမြောက်အများထုတ်လုပ်မှုကို ယခုနှစ်အတွင်း စတင်ထုတ်လုပ်သွားဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒရုန်းတွေထုတ်လုပ်ရေးအတွက် မြောက်ကိုရီးယားဟာ ရုရှားဆီကနေ နည်းပညာအကူအညီတွေ ရရှိထားပြီး အမြောက်အများထုတ်ဖို့ သဘောတူထားတယ်လို့ ရုရှား-မြောက်ကိုရီးယား တို့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရုရှားက အခုလိုနည်းပညာအကူအညီပေးရတာဟာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ရုရှားအတွက် ကူညီတိုက်ခိုက်ဖို့ စေလွှတ်ပေးတာကြောင့် အပြန်အလှန်အားဖြင့် ပေးအပ်တာလို့ ဆိုပါတယ်။ ဒါဟာ မနှစ်ရရှိခဲ့တဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ရဲ့ တစိတ်တပိုင်းလို့လည်း ပြောပါတယ်။

သဘောတူညီချက်ရယူပြီးတဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်အတွက် ထောက်ပံ့မှုတွေပေးဖို့ကိုတော့ တွန့်ဆုတ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုလိုမျိုး လုပ်ဆောင်ချက်တွေဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်တို့နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေး ရှုပ်ထွေးလာမှာကို ရုရှားက စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ မြောက်ကိုရီးယားဟာ အသေခံဒရုန်းစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီဒရုန်းအမျိုးအစားတွေကို အမြောက်အများထုတ်လုပ်ဖို့ ကင်ဂျုံအန်က ညွှန်ကြားထားပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးခင်ကလည်း ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ဒါဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလို့ နိုင်ငံတကာ ဝေဖန်မှုတွေရှိနေပါတယ်။

Ref:NHK
Photo:NBC

#centralnewsnaypyitaw

image