23 ပတ် - ဘာသာပြန်ပါ။

ခရီးသည်(၁၅)ဦးလိုက်ပါစီးနင်းနိုင်သည့် Tour Train (RGC)ရထားစင်းလုံးငှားခရီးစဉ်ပြန်လည်ပြေးဆွဲ

မြန်မာ့မီးရထားမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့သွားရောက်မည့် ပြည်တွင်း/ပြည်ပခရီးသွားများအတွက် ခရီးသည်(၁၅)ဦးလိုက်ပါစီးနင်းနိုင်သည့် Tour Train (RGC)ရထားစင်းလုံးငှားခရီးစဥ်ကို ဇန်နဝါရီ ၂၄ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရေမြေတောတောင်သ ဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက် (အသွား-အပြန်)ခရီးစဉ်များကို RGC ရထားစင်းလုံးငှားခရီးစဉ်အဖြစ် ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဥ်များကိုသွားရောက်မည့် ပုဂ္ဂလိကခရီးသွားလာရေးအဖွဲ့များ၊ မိသားစုများ၊ လေ့လာရေးအဖွဲ့များအနေဖြင့် ခရီးစဉ်တစ်ခုအတွက် ဌားရမ်းခ(အသွား-အပြန်) ငွေကျပ် ၁၂၀၀၀၀ ဖြင့် ဌားရမ်းသွားလာနိုင်ကြောင်း သိရသည်။

image