23 w - Translate

မန်ယူတောင်ပံတိုက်စစ်မှူး အန်တိုနီ ရီးရဲလ်ဘက်တစ်အသင်းဆီ ပြောင်းရွှေ့

မန်ယူတောင်ပံတိုက်စစ်မှူး အန်တိုနီဟာ စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းဆီ ပြောင်းရွှေ့ ကစားမယ်လို့သိရပါတယ်။

ဘရာဇီးကစားသမားဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး သွင်းဂိုးမရရှိသလို ဂိုးဖန်တီးမလည်း မရရှိသေးတာပါ။

အန်တိုနီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ဖို့အတွက် မန်ယူနဲ့ ဘက်တစ်အသင်းတို့ကြားမှာ သဘောတူညီမှုရရှိခဲ့ပြီး ရက်ပိုင်းအတွင်းမှာ စာချုပ်ချုပ် ဆိုသွားမယ်လို့သိရပါတယ်။

ဘက်တစ်အသင်းဟာ အန်တိုနီရဲ့ လုပ်ခလစာ ၈၄ ရာခိုင်နှုန်းကိုပေးချေသွားမှာဖြစ်ပြီး ၁၆ ရာခိုင်နှုန်းကိုတော့ မန်ယူအသင်းက ဆက်လက်ပေးချသွားရမယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇွန်အထိ အငှားစာချုပ်သီးသန့်ဖြစ်ပြီး ရာသီကုန်ချိန်မှာ အပြီးသတ်ခေါ်ယူခွင့် မပါဝင်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ရိုမန်နိုက ဖော်ပြသွားပါတယ်။

Photo: Reuters

image